





Source; Khay Set Thwin
(Unicode)
Bio Oil ရဲ့ ကောင်းကျိုးလေးတွေကို ပြန်လည်မျှဝေပေးလာတဲ့ မင်းသမီးချောလေး ခေးဆက်သွင်
နာမည်ဆန်းဆန်းပြားပြားလေးနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခေးဟာဆိုရင် MRTV 4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အဓိက ဇာတ်ကောင်နေရာကနေ စတင်ပြီး သရုပ်ဆောင်ကာ အနုပညာလမ်းအပေါ် စတင်လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ခေးက ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်ဆိုသလို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေးက မြန်မာအက၊ နိုင်ငံခြားအကတွေကိုလည်း ပိုင်နိုင်စွာ ကတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ COVID ကာလအတွင်း အိမ်မှာ Stay Homeနေရင်းနဲ့ Tiktokဆော့ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုမိုရယူထားနိုင်တာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ ခေးက “ပြောင်းလဲလာတယ်နော် လှလာတယ်နော်လို့ ခဏခဏကြားချင်လို့ ပြုပြင်ပြောင်းလဲမှုတွေ ထိန်းသိမ်းစောင့်ရှောက်မှုတွေ အချိန်နဲ့ အမျှ ကြိုးစားပြီးလုပ်ခဲ့ရပါတယ်…….gymဆော့တာ အသားအရည်နဲ့ပတ်သတ်ပြီး ဂရုစိုက်တာ
အစားအသောက်အနေအထိုင် ကျန်းမာရေး လိုက်စားမှု ဖက်ရှင် အားလုံး အားလုံးပေါ့။ ဒီထဲမှာ ခေး အသားအရည်ပိုင်းဂရုစိုက်တဲ့အခါ မရှိမဖြစ်သုံးတဲ့ Bio Oilလေးအကြောင်း ပြောပြမယ်နော်…။
Gymမဆော့ခင် တစ်ကိုယ်လုံး Bio oilလိမ်းတယ်…
တကယ်လိမ်းတာပါ ညာဖြီးမဟုတ်ပါ …သူတို့ကလည်း တကယ်ခံစားရတဲ့ feelingလေး တကယ်အသုံးဝင်တာလေးပဲပြောစေချင်လို့ တစ်လလောက်ကတည်းက ခေးကို productလေး ပို့ပေးထားပါတယ်…။ ရလာဒ်လေးကတော့ စိုပြီးကြည်လာတယ်😍အသားအရောင်မညီတဲ့နေရာလေးတွေ ဖြည်းဖြည်းချင်းဆီညီလာတယ်😍အဓိက က ခေးတို့လို
ပိန်လိုက်ဝလိုက် ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ အကြောပြတ်ရာလေးတွေ သက်သာလာတယ်.😍နောက်သူက
လက်သည်းခြေသည်းလေးတွေ လိမ်းပေးရင် လက်သည်းခြေသည်းလေးတွေ ကျန်းမာပါတယ်တဲ့
ခေးတော့မလိမ်းဖူးသေးဘူး စမ်းလိမ်းကြည့်ရမယ်….
ကဲ လှချင်ရင် Bio Oilနဲ့ ခန္ဓာကိုယ်ကို အလှပြင်ကြမယ်နော်”လို့ဆိုကာ Bio Oilရဲ့ ကောင်းကျိုးလေးတွေကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
Source; Khay Set Thwin