






Source; Hein Wai Yan
(Unicode)
“မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာပါတီကို မဲပေးပြီးပါပြီ”လို့ဆိုလာတဲ့ မင်းသားချော ဟိန်းဝေယံ
တစ်ချိန်တုန်းက ရုပ်ရှင်လောကမှာ နာမည်ကျော်ကာ လူသိများခဲ့တဲ့ မင်းသားချောဟိန်းဝေယံကတော့ မိန်းကလေးပရိတ်သတ်အခိုင်အမာ ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ မော်လမြိုင်သားလေးတစ်ယောက်ဖြစ်ပြီး အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ အရယ်အပြုံးတွေကိုပိုင်ဆိုင်ထားပြီး ယောက်ကျားပီသတဲ့ မျက်လုံး၊မျက်ခုံးလှလှရယ် နှာတံချွန်ချွန်လေးရယ်ကြောင့် ပိုပြီး နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။
မင်းသားချော ဟိန်းဝေယံတို့ မိသားစုဟာ ကိုယ်ပိုင်ရုပ်ရှင်ကို ဖွဲ့စည်းထူထောင်ခဲ့ကာ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ်ပိုင်ရိုက်ကူးရေးတွေကို နားထားခဲ့ပြီး မင်းသားချောဟိန်းဝေယံက ဇာတ်လမ်းတွဲရုပ်ရှင်တွေမှာ တဖန်ပြန်လည် သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကြော်ငြာရိုက်ကူးရေးတွေကိုလည်း လက်ခံရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော ဟိန်းဝေယံက “မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာပါတီကို မဲပေးပြီးပါပြီ”လို့ဆိုကာ သူ့ရဲ့ အမှတ်တရပုံရိပ်တစ်ချို့ကို မျှဝေပေးလာခဲ့ပါတယ်။ ဟိုးအရင် ငယ်ငယ်တုန်းကထက် ပိုပြီး တည်ငြိမ်စွာ ကြည့်ကောင်းချောမောလာတဲ့ မင်းသားချော ဟိန်းဝေယံရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Hein Wai Yan