MRTV 4ရဲ႕ ဇာတ္လမ္းတြဲမင္းသားေခ်ာေလး ေကာင္းျမတ္စံကေတာ့ “အမုန္းမွသည္”ဆိုတဲ့ ဇာတ္လမ္းတြဲေလးကေန စတင္ၿပီး ပရိတ္သတ္ေတြ သတိထားမိလာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ထိုဇာတ္လမ္းတြဲေလးမွာ သူက “ကိုးလ္”ဆိုတဲ့ ကာ႐ိုက္တာေလးနဲ႔ လိုက္ဖက္ပီျပင္စြာ သ႐ုပ္ေဆာင္ထားလွ်က္ ရွိပါတယ္။




“အမုန္းမွသည္”ဇာတ္လမ္းတြဲေလးဟာ ယခုလက္ရွိမွာ MRTV 4ကေန ျပန္လည္ထုတ္လႊင့္ျပသလွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ မင္းသားေခ်ာ ေကာင္းျမတ္စံရဲ႕ ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲေတြကေတာ့ “အမုန္းမွသည္၊ႏွလုံးသားႏွင့္အနီးဆုံး၊ ခ်စ္ျခင္းတရားတို႔ ရွိရာ”စသည္တို႔ ျဖစ္ပါတယ္။ နာမည္ႀကီးမင္းသားေခ်ာ ျမင့္ျမတ္နဲ႔ တြဲဖက္ၿပီး “႐ိုးမေပၚက်တဲ့ မ်က္ရည္”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ေက်ာင္းဆရာေလးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ ေအာင္ျမင္မႈကို ရရွိခဲ့ပါတယ္။




ခုတစ္ခါမွာေတာ့ မင္းသားေခ်ာ ေကာင္းျမတ္စံက “ၿမိဳ႕ျပနဲ႔ ေဝးတဲ့ ႐ြာေလးတစ္႐ြာမွာ ကိုးလ္ေလးေပ်ာ္ေနပါတယ္ဗ် ?”လို႔ဆိုကာ ပရိတ္သတ္ေတြနဲ႔အမွတ္တရပုံေလးကို မွ်ေဝေပးလာခဲ့ပါတယ္။ မင္းသားေခ်ာ ေကာင္းျမတ္စံရဲ႕ အမွတ္တရပုံေလးကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Kaung Myat San
(Unicode)
“မြို့ပြနဲ့ ဝေးတဲ့ ရွာလေးတစ်ရွာမှာ ကိုးလ်လေးပျော်နေပါတယ်ဗျ ?”လို့ဆိုတဲ့ ကောင်းမြတ်စံ
MRTV 4ရဲ့ ဇာတ်လမ်းတွဲမင်းသားချောလေး ကောင်းမြတ်စံကတော့ “အမုန်းမှသည်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲလေးမှာ သူက “ကိုးလ်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ လိုက်ဖက်ပီပြင်စွာ သရုပ်ဆောင်ထားလျှက် ရှိပါတယ်။
“အမုန်းမှသည်”ဇာတ်လမ်းတွဲလေးဟာ ယခုလက်ရှိမှာ MRTV 4ကနေ ပြန်လည်ထုတ်လွှင့်ပြသလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် မင်းသားချော ကောင်းမြတ်စံရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “အမုန်းမှသည်၊နှလုံးသားနှင့်အနီးဆုံး၊ ချစ်ခြင်းတရားတို့ ရှိရာ”စသည်တို့ ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားချော မြင့်မြတ်နဲ့ တွဲဖက်ပြီး “ရိုးမပေါ်ကျတဲ့ မျက်ရည်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကျောင်းဆရာလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော ကောင်းမြတ်စံက “မြို့ပြနဲ့ ဝေးတဲ့ ရွာလေးတစ်ရွာမှာ ကိုးလ်လေးပျော်နေပါတယ်ဗျ ?”လို့ဆိုကာ ပရိတ်သတ်တွေနဲ့အမှတ်တရပုံလေးကို မျှဝေပေးလာခဲ့ပါတယ်။ မင်းသားချော ကောင်းမြတ်စံရဲ့ အမှတ်တရပုံလေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Kaung Myat San