






Source; Moe Yu San
(Unicode)
“ဗိုက်ဗိုက်ကလေး ၂၂ပတ်ရှိပီ သားနှစ်ယောက်မေမေဖြစ်တော့မယ် လူလည်းတဖြည်းဖြည်းဝလာပါပီ”လို့ဆိုလာတဲ့ မင်းသမီးချော မိုးယုစံ
ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ လက်ရှိမှာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပါပြီလို့ သိရပါတယ်။ မင်းသမီးချော မိုးယုစံက “မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဌေ ထီဆိုင်ကြီး”ရဲ့ Missတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။
သူမရဲ့ အိမ်ထောင်ရေးဟာဆိုရင် ပရိတ်သတ်တွေ အားကျစရာကောင်းလောက်အောင် သူမအပေါ် အရမ်းချစ်ပေးတဲ့ ယောက်ကျားချောချောလေးနဲ့အတူ သားချောလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ခုတစ်ခါမှာတော့ သူမဟာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ကာ နောက်ထပ်သားလေးတစ်ယောက်လို့လည်း သိရပါတယ်။ သားနှစ်ယောက်နဲ့ မိခင် ဖြစ်တော့မှာမလို့ သူမရဲ့မိသားစုနဲ့အတူ သားလေးကိုကြိုဆိုတဲ့ ပွဲလေးကို လုပ်ဖြစ်ခဲ့ပါသေးတယ်။
ခုတစ်ခါမှာတော့ မင်းသမီးချောလေး မိုးယုစံက “ဗိုက်ဗိုက်ကလေး ၂၂ပတ်ရှိပီ သားနှစ်ယောက်မေမေဖြစ်တော့မယ် လူလည်းတဖြည်းဖြည်းဝလာပါပီ ဒီကာလကြီးမှာ မေမေတွေကျန်းမာရေးပိုဂရုစိုက်ကြနော် ???”လို့ဆိုကာ သူမရဲ့ ဗိုက်ကလေးနဲ့အလှပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဗိုက်ကလေးမိုးယုရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Moe Yu San