






Source; Aung Min Khant
(Unicode)
“ဥပမာ ကျနော် postက မဲပုံးကြီးပဲထားပါတော့ဗျာ
” ? ? ?? ❤️ ? ?”ကြိုက်တာလေး ပေးကြည့်” လို့ဆိုလာတဲ့ အောင်မင်းခန့်
MRTV 4ရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ “ထာဝရမန္တလေး”ဆိုတဲ့ ဇာတ်လမ်းတွဲကနေ စတင်ပြီး ပရိတ်သတ်တွေ သတိထားမိလာခဲ့တဲ့ မင်းသားချောလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ ဇာတ်လမ်းတွဲမင်းသားလို့ တင်စားခေါ်ဝေါ်ရလောက်အောင် သူ့ရဲ့ ဇာတ်လမ်းတွဲများစွာဟာ အောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။
မင်းသားချော အောင်မင်းခန့်ရဲ့ အောင်မြင်ကျော်ကြား လူသိများခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ “ထာဝရ မန္တလေး၊ ပန်းနုသွေး၊ ဝင်္ကပါစံအိမ်၊ ပို၍လှသော မနက်ဖြန်၊ ရတနာထဲက ရတနာ၊ ပဉ္စလက်ရွာ၊ မနေ့ကဖြစ်သည် ၂ နှင့် မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာနတို့ပဲ ဖြစ်ပါတယ်။ မင်းသားချော အောင်မင်းခန့်ဟာ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းရဲ့ တစ်ဦးတည်းသော ညီဝမ်းကွဲလည်း ဖြစ်ပါတယ်။
ခုတစ်ခါမှာတော့ မင်းသားချော အောင်မင်းခန့်က “ဥပမာ – ကျနော် post ကမဲပုံးကြီးပဲထားပါတော့ဗျာ
? ? ? ??? ❤️ ? ?ကြိုက်တာလေး ပေးကြည့် အပျော်သဘောလေးပေါ့”လို့ဆိုကာ သူ့ရဲ့ ပုံရိပ်တစ်ချို့ကို မျှဝေပေးခဲ့ပါတယ်။ မင်းသားချော အောင်မင်းခန့်ရဲ့ ပုံရိပ်တစ်ချို့ကို ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Aung Min Khant