ရယ္စရာဟာသ videoေလးေတြ တင္ရင္းနဲ႔ နာမည္ေက်ာ္ကာ လူသိမ်ားလာခဲ့တဲ့ ျဖဴျဖဴေထြးကေတာ့ လက္ရွိမွာ မိဘကို တင့္ေတာင္းတင့္တယ္ ထားႏိုင္တဲ့ သမီးအလိမၼာေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမရဲ႕ ဆန္းဟာ 2020ခုႏွစ္မွာ ပိုလို႔တိုးတက္ေအာင္ျမင္လာခဲ့ပါတယ္။ သူမ်ားေတြ ေတာ္တန္႐ုံ မလုပ္ႏိုင္တဲ့ အလႉအတန္းမ်ားစြာကို ကိုယ္တိုင္သြားေရာက္ကာ ျပဳလုပ္လွ်က္လည္း ရွိပါတယ္။



အခက္အခဲေတြေၾကာင့္ အႏုပညာလမ္းေၾကာင္းေပၚ မေလွ်ာက္လွမ္းႏိုင္ေတာ့တဲ့ ဇာတ္ပို႔အႏုပညာရွင္ေတြကိုလည္း တဖက္တလွမ္းကေန ေခၚယူကာ ေၾကာ္ျငာေတြ တူတူ႐ိုက္ၿပီး အကူအညီေတြ ေပးေနတာကိုလည္း ေတြ႕ရပါတယ္။ ဒီၾကားထဲမွ ျဖဴျဖဴေထြးရဲ႕အေပၚကို အေကာင္းမျမင္တဲ့သူေတြကလည္း ရွိလာပါေသးတယ္။ “အပင္ျမင့္ေလ ေလတိုက္ေလ”ဆိုတာမ်ိဳးေတြက အျပင္မွာ တကယ္ကို ရွိေနပါတယ္ေနာ္။



ခုတစ္ခါမွာေတာ့ ျဖဴျဖဴက “သီတင္းကြၽတ္မွာ အားလုံးက်န္းမာ ခ်မ္းသာေပ်ာ္႐ႊင္ေသာ ဘဝမ်ားပိုင္ဆိုင္ႏိုင္ၾကပါေစ?”လို႔ ဆိုကာ ဆုေတာင္းစကားေလးေတြနဲ႔ အလွပုံရိပ္ေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္။ ျဖဴျဖဴရဲ႕ သီတင္းကြၽတ္ပုံရိပ္အမွတ္တရေလးေတြကို ခ်စ္ပရိတ္သတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source; Phyu Phyu Htwe
(Unicode)
“သီတင်းကျွတ်မှာ အားလုံးကျန်းမာ ချမ်းသာပျော်ရွှင်သော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ?”လို့ ဆုတောင်းပေးလာတဲ့ ဖြူဖြူထွေး
ရယ်စရာဟာသ videoလေးတွေ တင်ရင်းနဲ့ နာမည်ကျော်ကာ လူသိများလာခဲ့တဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ မိဘကို တင့်တောင်းတင့်တယ် ထားနိုင်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆန်းဟာ 2020ခုနှစ်မှာ ပိုလို့တိုးတက်အောင်မြင်လာခဲ့ပါတယ်။ သူများတွေ တော်တန်ရုံ မလုပ်နိုင်တဲ့ အလှူအတန်းများစွာကို ကိုယ်တိုင်သွားရောက်ကာ ပြုလုပ်လျှက်လည်း ရှိပါတယ်။
အခက်အခဲတွေကြောင့် အနုပညာလမ်းကြောင်းပေါ် မလျှောက်လှမ်းနိုင်တော့တဲ့ ဇာတ်ပို့အနုပညာရှင်တွေကိုလည်း တဖက်တလှမ်းကနေ ခေါ်ယူကာ ကြော်ငြာတွေ တူတူရိုက်ပြီး အကူအညီတွေ ပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒီကြားထဲမှ ဖြူဖြူထွေးရဲ့အပေါ်ကို အကောင်းမမြင်တဲ့သူတွေကလည်း ရှိလာပါသေးတယ်။ “အပင်မြင့်လေ လေတိုက်လေ”ဆိုတာမျိုးတွေက အပြင်မှာ တကယ်ကို ရှိနေပါတယ်နော်။
ခုတစ်ခါမှာတော့ ဖြူဖြူက “သီတင်းကျွတ်မှာ အားလုံးကျန်းမာ ချမ်းသာပျော်ရွှင်သော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ?”လို့ ဆိုကာ ဆုတောင်းစကားလေးတွေနဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဖြူဖြူရဲ့ သီတင်းကျွတ်ပုံရိပ်အမှတ်တရလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Phyu Phyu Htwe