“16th Anniversary
7.11.2004 to 7.11.2020
အေးတာလဲရှိ ၊ ပူတာလဲရှိ
Source; Lu Min
(Unicode)
အိမ်ထောင်သက်၁၆နှစ်ပြည့်လေးမှာ ချစ်ဇနီးလေးအား ကဗျာလေးတစ်ပုဒ်နဲ့ အမှတ်တရစကားလေးပြောလာတဲ့ အကယ်ဒမီလူမင်း
နိုင်ငံကျော် ဒါရိုက်တာ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး လူမင်းကတော့ လက်ရှိမှာ သူ့ရဲ့ အိမ်ထောင်ရေးသာယာပုံလေးအကြောင်းကို ပရိတ်သတ်ကြီးထံသို့ မျှဝေပေးလာခဲ့ပါတယ်။ ဦးလူမင်းက လက်ရှိမှာ အလှူအတန်းတွေကို ရက်ရောစွာ ကူညီလုပ်ကိုင်နေပြီး မိသားစု၊မိတ်ဆွေ၊ ပရိတ်သတ်တွေရဲ့ကြားမှာ အလေးထားစရာကောင်းတဲ့ ပဂ္ဂိုလ်တစ်ဉီးအဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။
ယခုလက်ရှိ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေက ရပ်နားထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ခုရက်လေးအတွင်းမှာ သူပါဝင်သရုပ်တောင်ထားတဲ့ “နို့ဘီလူး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ? Druk International film festival (DIFF) က ချီးမြှင့်တဲ့ ထူးချွန်ဆု(၄)ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ခုတစ်ခါမှာတော့ ဦးလူမင်းက
“16th Anniversary
7.11.2004 to 7.11.2020
ဖြတ်သန်းခဲ့တဲ့ အချိန်တွေ ပြန်လှည့်ကြည့်တော့
အေးတာလဲရှိ ၊ ပူတာလဲရှိ
လွယ်တာလဲရှိ၊ ခက်တာလဲရှိ
ပျော်တာလဲရှိ၊ ငိုတာလဲရှိ
ဘာတွေဘဲ ရှိရှိ ၊ မရှိရှိ
ရှေ့ဆက်ရမှာက အတူတူ . . . . .။”လို့ဆိုကာ သူတို့ရဲ့ အိမ်ထောင်သက် ၁၆နှစ်ပြည့်လေးမှာ ချစ်ဇနီးလေးကို အမှတ်တရကဗျာလေးနဲ့ ရေးသားမျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
Source; Lu Min