




(Unicode)

ဆရာကြီး ဦးဝင်းဖေ၏ ? ဖရဲသီးစားကြသူများ ? ပန်းချီကားအား ၂၀သိန်း ၅သောင်းဖြင့် လေလံအောင်သွားသူ မအေးသောင်း

မြင်ရသူ အေးချမ်းစေမယ့် မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာခဲ့တဲ့ နိုင်ငံကျော် မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ ဟိုးတစ်ခေတ်တစ်ခါကတည်းက ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ခုနောက်ပိုင်းမှာ သူမရဲ့ လှပတောင့်တင်းတဲ့ ခန္ဒာကိုယ်နဲ့ လိုက်ဖက်စွာ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာတာကြောင့် ပရိတ်သတ်တွေက အေးမြတဲ့ မအေးသောင်းရယ်လို့ ခေါ်ဝေါ်လာကြတာပဲ ဖြစ်ပါတယ်။

မအေးသောင်းက မကြာ‌သေးခင်ကမှ ချစ်သူရည်းစားကို Officialဖော်ထုတ်ကာ ပြသခဲ့လို့ ယောက်ကျားထုကြီးတစ်ချို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူမက ရည်းစားနဲ့ သူငယ်ချင်းရဲ့တန်ဖိုး ကွာခြားပုံကို စာတိုလေးနဲ့ နမူနာပေးကာ ကဗျာတွေ စပ်ခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ “ဆရာကြီး ဦးဝင်းဖေ ၏ ? ဖရဲသီးစားကြသူများ ? ပန်းချီကားအား ၂၀ သိန်း ၅သောင်းဖြင့် လေလံအောင်သူ မအေးသောင်း ဆီသို့ ပန်းချီကားအား အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ပါပြီ ….. “လို့ဆိုကာ ဒါရိုက်တာကိုပေါက်မှ သွားရောက်ဂုဏ်ပြုအပ်နှင်းခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို ဆရာကြီးရဲ့ ပန်းချီကားကို တလေးတစားနဲ့ ဂုဏ်ပြုလှူဒါန်းပေးလို့ သာဓုခေါ်ပါတယ် မအေးသောင်းရေ။ ယခုထက် အများကြီး အောင်မြင်ပါစေနော်။

Source; 3Colorပန်းချီပြခန်း

Leave a Reply

Your email address will not be published.