“ရွှေ့ကို မန္တလေးသူလို့ ပြောရင်မယုံကြဘူး အဲ့ကိစ္စကို ရှင်းကြဦး ☺️”လို့ဆိုလာတဲ့ ရွှေသမီး




Source; Shwe Thamee

(Unicode)

“ရွှေ့ကို မန္တလေးသူလို့ ပြောရင်မယုံကြဘူး အဲ့ကိစ္စကို ရှင်းကြဦး ☺️”လို့ဆိုကာ မန္တလေးကျုံးဘေးနားက အလှပုံလေးတွေ မျှဝေပေးလာတဲ့ ရွှေသမီး

ကုလားစင်မျက်နှာပေါက်လေးနဲ့ မျက်လုံး မျက်ခုံးလေးတွေ အရမ်းလှတဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ ပရိတ်သတ်တွေ အထူးချစ်ခင် အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရွှေရွှေလေးလို့ ခေါ်ကြပါတယ်။ လက်ရှိမှာတော့ ရွှေရွှေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။

ရွှေရွှေရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ “ရှေ့သွား နောက်လိုက်၊ သခင်ကြီးနဲ့ ငါးပိရည် တို့စရာ၊ တောက်ချလိုက်မယ်နဲ့ ချည်” တို့ပဲ ဖြစ်ပါတယ်။ ရွှေရွှေက သူမရဲ့ ပရိတ်သတ်တွေအပေါ်ကိုလည်း အမြဲလိုလို ဖော်ရွေကာ ကြင်နာတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Puppyလေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ရွှေရွှေက “ရွှေ့ကို မန္တလေးသူလို့ ပြောရင်မယုံကြဘူး အဲ့ကိစ္စကို ရှင်းကြဦး ☺️”လို့ဆိုကာ မန္တလေးကျုံးဘေးနားက အလှပုံလေးတွေ မျှဝေပေးလာခဲ့ပါတယ်။ မန္တလေးသူလေး ရွှေရွှေရဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Shwe Thamee

Leave a Reply

Your email address will not be published.