သီတင္းကြၽတ္မွာ မိဘႏွစ္ပါးကို ႐ိုေသစြာ ကန္ေတာ့ေနၾကတဲ့ ‌ဖစ္ဖစ္ခ်စ္ခ်စ္မစ္မစ္တို႔ ေမာင္ႏွမသုံးေယာက္

ဂီတေလာကမွာ ကတ္ဆတ္အေခြေခတ္ကစလို႔ အားေပးခဲ့ရတဲ့ ပရိတ္သတ္အခ်စ္ေတာ္ အာဇာနည္ကေတာ့ လက္ရွိမွာ ေအာင္ျမင္ေက်ာ္ၾကားေနဆဲ အႏုပညာရွင္ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အားလုံးကို ခ်စ္စႏိုးနဲ႔ Rႀကီးလို႔ ေခၚၾကပါတယ္။ Rႀကီးဟာ အသံပါဝါေကာင္းေကာင္းကို ပိုင္ဆိုင္ထားၿပီး ခ်ိဳေအးျမတဲ့ သံစဥ္ေလးေတြကို ပုံေဖာ္ဖန္တီးတတ္သူလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ The Voice Myanmarရဲ႕ Judgeတစ္ေယာက္အေနနဲ႔ ပါဝင္ေဆာင္႐ြက္ေနၿပီး အႏုပညာလမ္းေပၚကို ေလွ်ာက္လွမ္းေနတာ ေတြ႕ရပါတယ္။ ေပၚပင္ေတြမလုပ္ပဲ ႐ိုးသားေအးခ်မ္းစြာ ေနတတ္သူမို႔ ပရိတ္သတ္ေတြ ပိုမိုခ်စ္ရတဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ယခုဆိုရင္ Rႀကီးမွာ သူစၿပီး ေအာင္ျမင္စ ငယ္႐ြယ္စဥ္အခ်ိန္ထဲက တြဲခဲ့တဲ့ ဇနီးေကာင္းေလး ဝမ္းဟာ ယခုအခ်ိန္ထိ သူ႔ရဲ႕ေဘးမွာ အေဖာ္မြန္ေကာင္း၊အိမ္ရွင္မေကာင္းတစ္ေယာက္အျဖစ္ ရွိေနတာကို ေတြ႕ရပါတယ္။

ဒါ့အျပင္ သားေခ်ာေလးႏွစ္ေယာက္နဲ႔ သမီးေခ်ာေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး သာယာျပည့္စုံလွပတဲ့ မိသားစုဘဝေလးရွိေနတာကို ေတြ႕ရပါတယ္။ ခုတစ္ခါမွာေတာ့ ဖစ္ဖစ္ခ်စ္ခ်စ္မစ္မစ္တို႔ ေမာင္ႏွမသုံးေယာက္က “ပါပါးမာမား တို႔ကို သားတို႔ညီကိုေမာင္ႏွမေတြ သီးတင္းကြၽတ္ကန္ေတာ့ပါတယ္ 🙏🙏🙏🙏🙏❤️❤️❤️❤️❤️”လို႔ဆိုကာ မိဘႏွစ္ပါးကို ႐ိုက်ိဳးစြာ လက္အုပ္ခ်ီကန္ေတာ့ေနၾကတဲ့ ေလးစားစရာပုံရိပ္ေလးကို မွ်ေဝေပးလာခဲ့ပါတယ္။

Source; Phit Phit Chit Chit Mhit Mhit

(Unicode)

သီတင်းကျွတ်မှာ မိဘနှစ်ပါးကို ရိုသေစွာ ကန်တော့နေကြတဲ့ ‌ဖစ်ဖစ်ချစ်ချစ်မစ်မစ်တို့ မောင်နှမသုံးယောက်

ဂီတလောကမှာ ကတ်ဆတ်အခွေခေတ်ကစလို့ အားပေးခဲ့ရတဲ့ ပရိတ်သတ်အချစ်တော် အာဇာနည်ကတော့ လက်ရှိမှာ အောင်မြင်ကျော်ကြားနေဆဲ အနုပညာရှင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ အားလုံးကို ချစ်စနိုးနဲ့ Rကြီးလို့ ခေါ်ကြပါတယ်။ Rကြီးဟာ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး ချိုအေးမြတဲ့ သံစဉ်လေးတွေကို ပုံဖော်ဖန်တီးတတ်သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ The Voice Myanmarရဲ့ Judgeတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေပြီး အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေတာ တွေ့ရပါတယ်။ ပေါ်ပင်တွေမလုပ်ပဲ ရိုးသားအေးချမ်းစွာ နေတတ်သူမို့ ပရိတ်သတ်တွေ ပိုမိုချစ်ရတဲ့ အဆိုတော်ကောင်းတစ်ယောက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် Rကြီးမှာ သူစပြီး အောင်မြင်စ ငယ်ရွယ်စဉ်အချိန်ထဲက တွဲခဲ့တဲ့ ဇနီးကောင်းလေး ဝမ်းဟာ ယခုအချိန်ထိ သူ့ရဲ့ဘေးမှာ အဖော်မွန်ကောင်း၊အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် ရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် သားချောလေးနှစ်ယောက်နဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပြည့်စုံလှပတဲ့ မိသားစုဘဝလေးရှိနေတာကို တွေ့ရပါတယ်။ ခုတစ်ခါမှာတော့ ဖစ်ဖစ်ချစ်ချစ်မစ်မစ်တို့ မောင်နှမသုံးယောက်က “ပါပါးမာမား တို့ကို သားတို့ညီကိုမောင်နှမတွေ သီးတင်းကျွတ်ကန်တော့ပါတယ် 🙏🙏🙏🙏🙏❤️❤️❤️❤️❤️”လို့ဆိုကာ မိဘနှစ်ပါးကို ရိုကျိုးစွာ လက်အုပ်ချီကန်တော့နေကြတဲ့ လေးစားစရာပုံရိပ်လေးကို မျှဝေပေးလာခဲ့ပါတယ်။

Source; Phit Phit Chit Chit Mhit Mhit

Leave a Reply

Your email address will not be published.