ပန္းခ်ီကားေလးေတြ အလႉရွင္ဆီ အေရာက္ပို႔ေပးတဲ့အစီအစဥ္မွာ လုပ္အားဒါနပေးမယ့္ ေခးဆက္သြင္

နာမည္‌ဆန္းဆန္းျပားျပားေလးနဲ႔ ခ်စ္စရာေကာင္းၿပီး ဆြဲေဆာင္မႈရွိေနတဲ့ မင္းသမီးေခ်ာေလး ေခးဆက္သြင္ကေတာ့ ယခုလက္ရွိမွာ ေအာင္ျမင္တဲ့ ေနရာတစ္ခုမွာ ရပ္တည္ေနတာကို ေတြ႕ရပါတယ္။ ေခးဟာဆိုရင္ MRTV 4ရဲ႕ “ႏွင္းဆီ”ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ အဓိက ဇာတ္ေကာင္ေနရာကေန စတင္ၿပီး သ႐ုပ္ေဆာင္ကာ အႏုပညာလမ္းအေပၚ စတင္ေလွ်ာက္လွမ္းခဲ့တာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေခးက ေၾကာ္ျငာ႐ိုက္ကူးေရးေတြကို ဆက္တိုက္ဆိုသလို လက္ခံ ႐ိုက္ကူးလွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ေခးက ျမန္မာအက၊ ႏိုင္ငံျခားအကေတြကိုလည္း ပိုင္ႏိုင္စြာ ကတတ္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ COVID ကာလအတြင္း အိမ္မွာ Stay Homeေနရင္းနဲ႔ Tiktokေဆာ့ကာ ပရိတ္သတ္ေတြရဲ႕ အခ်စ္ကို ပိုမိုရယူထားႏိုင္တာကို ေတြ႕ရပါတယ္။

ခုတစ္ခါမွာေတာ့ ” ပန္းခ်ီခ်စ္သူမ်ား၏ ကိုဗစ္အလႉအစီအစဥ္မွာ ေလလံေအာင္ထားတဲ့ ရန္ကုန္ၿမိဳ႕မွ ပန္းခ်ီကားအလႉရွင္မ်ားဆီသို႔ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ေခးဆက္သြင္ မွ ပို႔ေဆာင္ေပးသြားမည့္ အစီအစဥ္မ်ားကို မၾကာမီတင္ဆက္ေပးသြားပါေတာ့မည္။ အလႉရွင္မ်ား၏ သဒၵါတရားႏွင့္ ပန္းခ်ီအႏုပညာအေပၚ ခ်စ္ျမတ္ႏိုးၾကသည့္ အလႉရွင္မ်ား၏ စိတ္ထားေလးမ်ားကို ေဖာ္ျပေပးသြားမွာပါ။ အလႉအစီအစဥ္ေလးအား လုပ္အားေပးေပးပါတဲ့ မင္းသမီး ေခးဆက္သြင္ ကိုလည္း ေက်းဇူးတင္ သာဓုေခၚပါတယ္ 🙏🙏🙏”လို႔ဆိုကာ 3Color ပန္းခ်ီျပခန္းမွ မင္းသမီးေခးအား ေတာင္းဆိုထားတာပဲ ျဖစ္ပါတယ္။

Source; 3Colorပန္းခ်ီျပခန္း

(Unicode)

ပန်းချီကားလေးတွေ အလှူရှင်ဆီ အရောက်ပို့ပေးတဲ့အစီအစဉ်မှာ လုပ်အားဒါနလေး ပါဝင်သွားမယ့် မင်းသမီးချောလေး ခေးဆက်သွင်

နာမည်‌ဆန်းဆန်းပြားပြားလေးနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခေးဟာဆိုရင် MRTV 4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အဓိက ဇာတ်ကောင်နေရာကနေ စတင်ပြီး သရုပ်ဆောင်ကာ အနုပညာလမ်းအပေါ် စတင်လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခေးက ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်ဆိုသလို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေးက မြန်မာအက၊ နိုင်ငံခြားအကတွေကိုလည်း ပိုင်နိုင်စွာ ကတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ COVID ကာလအတွင်း အိမ်မှာ Stay Homeနေရင်းနဲ့ Tiktokဆော့ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုမိုရယူထားနိုင်တာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ” ပန်းချီချစ်သူများ၏ ကိုဗစ်အလှူအစီအစဉ်မှာ လေလံအောင်ထားတဲ့ ရန်ကုန်မြို့မှ ပန်းချီကားအလှူရှင်များဆီသို့ သရုပ်ဆောင် မင်းသမီးချော ခေးဆက်သွင် မှ ပို့ဆောင်ပေးသွားမည့် အစီအစဉ်များကို မကြာမီတင်ဆက်ပေးသွားပါတော့မည်။ အလှူရှင်များ၏ သဒ္ဒါတရားနှင့် ပန်းချီအနုပညာအပေါ် ချစ်မြတ်နိုးကြသည့် အလှူရှင်များ၏ စိတ်ထားလေးများကို ဖော်ပြပေးသွားမှာပါ။ အလှူအစီအစဉ်လေးအား လုပ်အားပေးပေးပါတဲ့ မင်းသမီး ခေးဆက်သွင် ကိုလည်း ကျေးဇူးတင် သာဓုခေါ်ပါတယ် 🙏🙏🙏”လို့ဆိုကာ 3Color ပန်းချီပြခန်းမှ မင်းသမီးခေးအား တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

Source; 3Colorပန်းချီပြခန်း

Leave a Reply

Your email address will not be published.