တခ်ိန္တုန္းက ဆယ္ေက်ာ္သက္မိန္းကေလးမ်ားၾကားမွာ ေရပန္းစားခဲ့တဲ့VCD မင္းသားႀကီး ညီညီေနႏိုင္

VCDေခတ္တုန္းက ေၾကာ္ျငာေတြ သီခ်င္းေခြေတြမွာ ထိပ္ဆုံးက သ႐ုပ္ေဆာင္ခဲ့ရတဲ့ မင္းသားႀကီး ‌ညီညီေနႏိုင္ကေတာ့ ဆယ္ေက်ာ္သက္မိန္းကေလးေတြၾကားမွာ ေရပန္းစားေအာင္ျမင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေလးဆယ္ေက်ာ္ ငါးဆယ္အ႐ြယ္နီးပါး ရွိေလာက္ၿပီ ထင္ပါတယ္ေနာ္။

အခုခ်ိန္မွာေတာ့ သူ႔ရဲ႕ Fb accေရာ လူေရာ ရွာမေတြ႕ပဲ ေပ်ာက္ကြယ္လွ်က္ ရွိေနပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ႏိုင္ငံျခားကို အၿပီးေျပာင္းသြားတယ္လို႔လည္း ေျပာေနၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ငယ္ငယ္က အရမ္းအားေပးၿပီး ႀကိဳက္ႏွစ္သက္ခဲ့ရတာဟာ အခုခ်ိန္မွာ ျပန္ေတြးရင္ ၾကည္ႏူးစရာပါ။ ဇီးထုတ္၊မရမ္းျပားထုတ္ေတြမွာ သူ႔ရဲ႕ ဓာတ္ပုံေတြ ပါလာရင္ အေသအခ်ာ ေသတၱာထဲ ထည့္ခဲ့ရတာေတြ နံရံေတြမွာ ခ်ိတ္ခဲ့တာေတြက တကယ့္အမွတ္တရေတြပါ။

ဒါ့အျပင္ မင္းသားႀကီး ညီညီေနႏိုင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ “လြမ္းေနဆဲပါ ျမကြၽန္းညိဳ”သီခ်င္းဟာလည္း အေတာ္ကို ေအာင္ျမင္ခဲ့တာ ယခုအခ်ိန္ထိပါပဲ။ အဲ့သီခ်င္းေလးနဲ႔ စတင္သတိထားမိခဲ့ၿပီး ေနာင္တစ္ခ်ိန္ တကၠသိုလ္တက္ရင္ေတာ့ လြမ္းစရာ ခုံတန္းေလးေတြနဲ႔ မိန္းလမ္းမတစ္ေလွ်ာက္ အမွတ္တရေတြ အမ်ားႀကီး ျဖစ္က်န္ခဲ့မွာပဲလို႔ ေတြးဖူးခဲ့ၾကမယ္ ထင္ပါတယ္ေနာ္။ ကဲ စာဖတ္သူ ပရိတ္သတ္ႀကီးေရ ငယ္ငယ္က အမွတ္တရေတြ ျပန္လြမ္းသြားရေအာင္ မင္းသားႀကီးရဲ႕ ငယ္ဘဝပုံရိပ္ေဟာင္းေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source; Myanmar Actor & Actress

(Unicode)

တချိန်တုန်းက ဆယ်ကျော်သက်မိန်းကလေးများကြားမှာ ရေပန်းစားခဲ့တဲ့VCD မင်းသားကြီး ညီညီနေနိုင်

VCDခေတ်တုန်းက ကြော်ငြာတွေ သီချင်းခွေတွေမှာ ထိပ်ဆုံးက သရုပ်ဆောင်ခဲ့ရတဲ့ မင်းသားကြီး ‌ညီညီနေနိုင်ကတော့ ဆယ်ကျော်သက်မိန်းကလေးတွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လေးဆယ်ကျော် ငါးဆယ်အရွယ်နီးပါး ရှိလောက်ပြီ ထင်ပါတယ်နော်။

အခုချိန်မှာတော့ သူ့ရဲ့ Fb accရော လူရော ရှာမတွေ့ပဲ ပျောက်ကွယ်လျှက် ရှိနေပါတယ်။ တစ်ချို့ကတော့ နိုင်ငံခြားကို အပြီးပြောင်းသွားတယ်လို့လည်း ပြောနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငယ်ငယ်က အရမ်းအားပေးပြီး ကြိုက်နှစ်သက်ခဲ့ရတာဟာ အခုချိန်မှာ ပြန်တွေးရင် ကြည်နူးစရာပါ။ ဇီးထုတ်၊မရမ်းပြားထုတ်တွေမှာ သူ့ရဲ့ ဓာတ်ပုံတွေ ပါလာရင် အသေအချာ သေတ္တာထဲ ထည့်ခဲ့ရတာတွေ နံရံတွေမှာ ချိတ်ခဲ့တာတွေက တကယ့်အမှတ်တရတွေပါ။

ဒါ့အပြင် မင်းသားကြီး ညီညီနေနိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “လွမ်းနေဆဲပါ မြကျွန်းညို”သီချင်းဟာလည်း အတော်ကို အောင်မြင်ခဲ့တာ ယခုအချိန်ထိပါပဲ။ အဲ့သီချင်းလေးနဲ့ စတင်သတိထားမိခဲ့ပြီး နောင်တစ်ချိန် တက္ကသိုလ်တက်ရင်တော့ လွမ်းစရာ ခုံတန်းလေးတွေနဲ့ မိန်းလမ်းမတစ်လျှောက် အမှတ်တရတွေ အများကြီး ဖြစ်ကျန်ခဲ့မှာပဲလို့ တွေးဖူးခဲ့ကြမယ် ထင်ပါတယ်နော်။ ကဲ စာဖတ်သူ ပရိတ်သတ်ကြီးရေ ငယ်ငယ်က အမှတ်တရတွေ ပြန်လွမ်းသွားရအောင် မင်းသားကြီးရဲ့ ငယ်ဘဝပုံရိပ်ဟောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Myanmar Actor & Actress

Leave a Reply

Your email address will not be published.