




(Unicode)

အရင်တုန်းက ရီရီနဲ့အတူသွားလာခဲ့တဲ့ ကြည်နူးစရာ ပုံရိပ်အဟောင်းလေးတွေကို ချပြလာခဲ့တဲ့ ပရဟိတမင်းသားလေး မောင်

သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်၏ မောင်ငယ်ဖြစ်သော သရုပ်ဆောင် မောင် က ကိုဗစ်လူနာများထားရှိရာ ဖောင်ကြီးကိုဗစ်ကုသရေးဆေးရုံ(ယာယီ)မှာ Volunteer အဖြစ် ပါဝင်ကူညီလျှက် ရှိနေပါတယ်။ သူကိုယ်တိုင် Positiveတစ်ယောက်ဖြစ်ခဲ့ပြီး ယခုဆိုရင် ပြန်လည်ကောင်းမွန်ပြီး အိမ်မှာ ပြန်နေခဲ့တာ ရက်ပိုင်း အနည်းငယ်လေးပဲ ရှိပါသေးသော်လည်း မွန်မြတ်တဲ့စိတ်ထားလေးကြောင့် သွားရောက်ကူညီပေးနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် သရုပ်ဆောင်မောင်က ဆရာဝန်တစ်ယောက်လည်း ဖြစ်၊ အခက်အခဲတွေ တွေ့ကြုံနေကြရတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း စာနာသောအားဖြင့် ပါဝင်ကူညီချင်တာပဲ ဖြစ်ပါတယ်။ သူကုသနေရစဉ်အချိန်အတွင်းမှာလည်း အမြဲလိုလို သတင်းအချက်အလက်တွေကို ပေးကာ မျှဝေလေ့ရှိပါတယ်။စိတ်ထားစေတနာကောင်းတဲ့ မင်းသားချော မောင်ဟာ လက်ရှိမှာ အရံမင်းသမီးချော ရီရီပွင့်ဖြူနဲ့ ချစ်ကြိုက်နေခဲ့ကြတာ ၅နှစ်ကျော်၆နှစ်နီးပါး ကြာခဲ့ပါပြီ။ နားလည်မှု အပြည့်အဝရှိပြီး ကူညီဖေးမပေးတတ်တဲ့ ရီရီကတော့ တကယ်ကို လက်တွဲဖော်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ သရုပ်ဆောင် မင်းသားချော မောင်က အရင်တုန်းက ရီရီနဲ့အတူ ခရီးတွေထွက်ခဲ့တဲ့ ကြည်နူးစရာ ပုံရိပ်အဟောင်းလေးတွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းလောက်အောင် လိုက်ဖက်ညီလှတဲ့ စိတ်ထားဖြူစင်လွန်းတဲ့ စိန်ရီတို့စုံတွဲလေးရဲ့ ပုံရိပ်ဟောင်းလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Sein Phyo Hlaing

Leave a Reply

Your email address will not be published.