



Source; Myat Noe San

(Unicode)

“Burmese Queen ” Skincare ကြော်ငြာလေး ရိုက်ကူးနေတဲ့ ရိုးအေးတဲ့ မော်ဒယ်မလေး မြတ်နိုးစံ

မိန်းမလှကျွန်းလို့ တင်စားခေါ်ဝေါ်ခံရတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ မြတ်နိုးစံဆိုတဲ့ ညမ‌ငယ်လေးဟာ လက်ရှိမှာ ပရိတ်သတ်တွေရရှိထားတဲ့ အောင်မြင်စ မော်ဒယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ခြေထောက်ထိရှည်ပြီး နက်မှောင်လှပတဲ့ ဆံကေသာအရှည်ကြီးကို ပိုင်ဆိုင်ထားတဲ့အတွက် မြန်မာတွေရဲ့ အမြတ်တနိုးတန်ဖိုးထားကြတဲ့ မြန်မာ့ဓလေ့ရိုးရာကို ပုံဖော်ပေးနေတဲ့ သူလို့ ခေါ်ဆိုထိုက်ပါတယ်။

သူမဟာ ကျောင်းမှာ ငယ်စဉ်ကတည်းက ဆံပင်အရှည်ကြီးကြောင့် လူတွေရဲ့ အာရုံစိုက်တာကို ခံခဲ့ရပြီး လူချစ်လူခင်လည်း ပေါများခဲ့ပါတယ်။ ဒါ့အပြင် တက္ကသိုလ်မှာလည်း The Whole Queen, Miss Popular Choice ဆုတို့ကို ရရှိခဲ့သူလေး ဖြစ်ပါတယ်။ လူသိများအောင်မြင်လာတာနဲ့အမျှ သူမနဲ့လိုက်ဖက်တဲ့ ကျေးလက်ဒေသ Music videoလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်တွေကို ရရှိခဲ့ပါတယ်။

ခုတစ်ခါမှာတော့ မြတ်နိုးလေးက “Burmese Queen ” Skincare ကြော်ငြာလေး ရိုက်ကူးနေတဲ့ ရိုးအေးပြီး ယဉ်ယဉ်လေးလှတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ဆံပင်ရှည်လေးနဲ့ မြင်ရသူအေးချမ်းစေတဲ့ မြတ်နိုးလေးရဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Myat Noe San

Leave a Reply

Your email address will not be published.