ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးလြင္မိုးကေတာ့ လက္ရွိမွာ အလႉအတန္းေတြကို ရက္ေရာစြာ လႉဒါန္းေနတာကို ေတြ႕ရပါတယ္။ သူဟာဆိုရင္ ခ်စ္စရာေကာင္းၿပီး လိမၼာ လွပတဲ့ သမီးေခ်ာေလးႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ လက္ရွိမွာေတာ့ သမီးအႀကီးေလးျဖစ္တဲ့ ယြန္းဝတီလြင္မိုးက အိမ္ေထာင္က်ကာ သားေခ်ာေလး Liamေလးကို ေမြးဖြားထားပါတယ္။




အဘိုးျဖစ္သူ ဦးလြင္မိုးကေတာ့ ေျမးေခ်ာေလး Liamကိုထိန္းကာ တစ္ေန႔တစ္မ်ိဳး မ႐ိုးရတဲ့ videoေလးေတြကို မွ်ေဝေပးေလ့ ရွိပါတယ္။ ဒါ့အျပင္ ခ်စ္မိန္းမျဖစ္တဲ့ အန္တီေမသူနဲ႔လည္း တစ္ေယာက္တစ္လွည့္ က်ီစယ္ရင္း ကိုဗစ္ကို ေက်ာ္ျဖတ္ေနၾကတာကို ေတြ႕ရပါတယ္။ ခုတစ္ခါမွာေတာ့ ဦးလြင္မိုးက Covidေၾကာင့္ အိမ္မွာေနရင္း မလုပ္ဖူးတဲ့ အလုပ္ေတြလုပ္ျဖစ္ေနတယ္လို႔ ဆိုကာ သူ႔ရဲ႕ ေဖ့စဘြတ္ကေန မွ်ေဝေပးလာခဲ့ပါတယ္။




မင္းသားႀကီး ဦးလြင္မိုးက “ကိုဗစ္ေရ..နင့္ေၾကာင့္
ေရပိုက္လည္းျပင္တတ္ၿပီ မီးႀကိဳးေတြလည္းျပင္တတ္ၿပီ ဟင္းေတြပါခ်က္တတ္ေနၿပီ..ဟ”လို႔စေနာက္က်ီစယ္ကာ ပရိတ္သတ္ေတြကို အသိေပးမွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္ပရိတ္သတ္ေတြနဲ႔ မိတ္ေဆြေတြကလည္း “အန္တီေမသူ႔လို ဆံပင္ေရာ ညီပ္တတ္ၿပီလား၊ ကေလးေရာ ထိန္းတတ္ေနၿပီလား”လို႔ဆိုကာ အျပန္အလွန္ စေနာက္က်ီစယ္ေနၾကတာကိုလည္း ၾကည္ႏူးဖြယ္ ေတြ႕ရပါတယ္။
Source; Lwin Moe
(Unicode)
Covidကြောင့် အိမ်မှာနေရင်း မလုပ်ဖူးတဲ့ အလုပ်တွေလုပ်ဖြစ်နေတယ်လို့ ဆိုလိုက်တဲ့ ဦးလွင်မိုး
နိုင်ငံကျော် သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးကတော့ လက်ရှိမှာ အလှူအတန်းတွေကို ရက်ရောစွာ လှူဒါန်းနေတာကို တွေ့ရပါတယ်။ သူဟာဆိုရင် ချစ်စရာကောင်းပြီး လိမ္မာ လှပတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတော့ သမီးအကြီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျကာ သားချောလေး Liamလေးကို မွေးဖွားထားပါတယ်။
အဘိုးဖြစ်သူ ဦးလွင်မိုးကတော့ မြေးချောလေး Liamကိုထိန်းကာ တစ်နေ့တစ်မျိုး မရိုးရတဲ့ videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။ ဒါ့အပြင် ချစ်မိန်းမဖြစ်တဲ့ အန်တီမေသူနဲ့လည်း တစ်ယောက်တစ်လှည့် ကျီစယ်ရင်း ကိုဗစ်ကို ကျော်ဖြတ်နေကြတာကို တွေ့ရပါတယ်။ ခုတစ်ခါမှာတော့ ဦးလွင်မိုးက Covidကြောင့် အိမ်မှာနေရင်း မလုပ်ဖူးတဲ့ အလုပ်တွေလုပ်ဖြစ်နေတယ်လို့ ဆိုကာ သူ့ရဲ့ ဖေ့စဘွတ်ကနေ မျှဝေပေးလာခဲ့ပါတယ်။
မင်းသားကြီး ဦးလွင်မိုးက “ကိုဗစ်ရေ..နင့်ကြောင့်
ရေပိုက်လည်းပြင်တတ်ပြီ မီးကြိုးတွေလည်းပြင်တတ်ပြီ ဟင်းတွေပါချက်တတ်နေပြီ..ဟ”လို့စနောက်ကျီစယ်ကာ ပရိတ်သတ်တွေကို အသိပေးမျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်တွေနဲ့ မိတ်ဆွေတွေကလည်း “အန်တီမေသူ့လို ဆံပင်ရော ညီပ်တတ်ပြီလား၊ ကလေးရော ထိန်းတတ်နေပြီလား”လို့ဆိုကာ အပြန်အလှန် စနောက်ကျီစယ်နေကြတာကိုလည်း ကြည်နူးဖွယ် တွေ့ရပါတယ်။
Source; Lwin Moe