



Source; Yoon Yoon

(Unicode)

ဗဟိုအမျိုးသမီးဆေးရုံမှ မမဗိုက်တွေဆီ အလည်သွားကာ ကုသိုလ်လေးတွေ ပြုလုပ်လှူဒါန်းခဲ့တဲ့ ခေးလေးယွန်းယွန်း

ပရိတ်သတ်တွေအားလုံးရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး ယွန်းယွန်းဟာ မျက်စိအရှေ့တင် ကလေးသရုပ်ဆောင်ဘဝလေးကနေ အပျိုဖားဖားကြီးဖြစ်ကာ အလှကြီးလှလာတာကို တွေ့ရပါတယ်။ သူမကို စပြီး သတိထားမိခဲ့ကြတာကတော့ နက်မှောင်ပြီး ဖြောင့်ဆင်းတဲ့ ဆံကေသာကြီးကြောင့်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ယွန်းယွန်းလေးက ခေတ်နဲ့အညီ ဆံနွယ်ရှည်တွေကို အရောင်ဆိုးကာ ဖြူစင်လှပတဲ့ သူမရဲ့ အသားအရည်နဲ့ လိုက်ဖက်မှုရှိနေကာ တစ်မျိုးလေး လှနေပြန်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ယွန်းက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက်ရှိနေပြီး အရွယ်နဲ့မမျှအောင် အလှူအတန်းတွေကိုလည်း ရက်ရောစွာ လုပ်ကိုင်လျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ မိသားစုကိုလည်း အချိန်ပေးကာ အမြဲလိုလို ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို တွေ့ရပါတယ်။

ခုတစ်ခါမှာ‌တော့ ယွန်းယွန်းလေးက ဗဟိုအမျိုးသမီးဆေးရုံမှ မမဗိုက်တွေဆီ အလည်သွားကာ ကုသိုလ်လေးတွေ ပြုလုပ်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ယွန်းလေးက “ဒီတစ်ခေါက်တော့ မမဗိုက်တွေဆီရောက်ဖြစ်တယ်.. ?✉️ခုချိန်မှာ ကလေးလေးမွေးဖို့ဆေးရုံတက်ရတာတောင် အထီးကျန်ပါတယ် လူနာစောင့်တွေအများကြီးနေခွင့်မရပါဘူး မွေးခါနီးမှပေးလာတယ်ပြောတယ်!! လှူစရာနေရာတွေစဉ်းစားတဲ့အခါ “ဗဟိုအမျိုးသမီးဆေးရုံ” လေးလဲသွားလို့ရပါတယ်လို့ ☺️??”လို့ဆိုကာ အကြံပြုစကားလေးတွေပေးကာ ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Source; Yoon Yoon

Leave a Reply

Your email address will not be published.