



Source; Shwe Poe Eain

(Unicode)

မယုံနိုင်လောက်အောင် ပြောင်းလဲလာခဲ့တဲ့ တစ်ချိန်က ပုံရိပ်ဟောင်းအချို့ကို ထုတ်ပြလာခဲ့တဲ့ မင်းသမီးချော ရွှေပိုးအိမ်

မျက်နှာဖူးဖူး မို့မို့လေးနဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေတာကို တွေ့ရပါတယ်။ သူမဟာ လှပတောင့်တင်းတဲ့ ခန္ဒာကိုယ်အချိုး‌အစားလေးနဲ့ အပြုံးချိုချိုလေးတို့ကြောင့် ပုရိသ‌ယောက်ကျားလေးတွေရဲ့ အသည်းစွဲမင်းသမီးတစ်လက် ဖြစ်နေတာပါ။

လက်ရှိမှာတော့ ရွှေပိုးအိမ်က ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ အိမ်တွင်းစီးပွားရေးတစ်ခုဖြစ်တဲ့ “Daddy Mommy”ဆိုတဲ့ အကင်စုံOnline Pageလေးကိုလည်း ဖွင့်ထားကာ အရသာရှိလှတဲ့ အစားအသောက်တွေကို ဖန်တီးရောင်းချလျှက် ရှိနေတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ မင်းသမီးချော ရွှေပိုးအိမ်က မယုံနိုင်လောက်အောင် ပြောင်းလဲလာခဲ့တဲ့ တစ်ချိန်က ပုံရိပ်ဟောင်းအချို့ကို ထုတ်ပြလာခဲ့ပါတယ်။ ငယ်ငယ်က အရမ်းဝခဲ့ပြီး ဝိတ်ချခဲ့ရကာ အခုဆိုရင် အပြောင်းလဲကြီးပြောင်းလဲပြီး အံ့အောလောက်အောင် လှပလာခဲ့ပုံတွေကို နှိုင်းယှဉ်ပြလာခဲ့ပါတယ်။ ပရိတ်သတ်တွေ မယုံနိုင်လောက်အောင် အံ့အားသင့်သွားစေမယ့် ရွှေပိုးအိမ်ရဲ့ ပုံရိပ်ဟောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Shwe Poe Eain

Leave a Reply

Your email address will not be published.