ျမန္မာ့႐ိုးရာခ်ည္ထည္မ်ားကို ဝတ္စားဆင္ယင္တတ္ၿပီး ေန႔စဥ္ဘဝေနထိုင္မႈေတြမွာ ႐ိုးရွင္းစြာ ျဖတ္သန္းေနထိုင္တတ္တဲ့ ‌မင္းသားေခ်ာ ေဒါင္းရဲ႕ ပုံရိပ္မ်ား

ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္ ခ်စ္ခင္အားေပးၾကတဲ့ မင္းသားေခ်ာ ေဒါင္းကေတာ့ ညိဳ႕အားျပင္းတဲ့အၾကည့္၊ တည္ၾကည္ခန႔္ညားတဲ့ အၿပဳံးတို႔ကို ပိုင္ဆိုင္ထားၿပီး သ႐ုပ္ေဆာင္ေကာင္းေသာ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဒါင္းရဲ႕ ေနာက္ဆုံး ထြက္ရွိခဲ့တဲ့ အႏုပညာလႈပ္ရွားမႈေလးကေတာ့ နာမည္ႀကီး မင္းသမီးေခ်ာ ပိုင္ၿဖိဳးသုနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ “အခ်စ္ျဖင့္ လြမ္းေစ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးပဲ ျဖစ္ပါတယ္။

ထိုဇာတ္ကားႀကီးဟာ ႐ုပ္ရွင္႐ုံတင္တုန္းကလည္း ပရိတ္သတ္ေတြရဲ႕ ဝန္းရံအားေပးမႈကို အမ်ားႀကီး ရရွိခဲ့ၿပီး ဇာတ္လမ္းတြဲအေနနဲ႔ ျပန္လႊင့္တဲ့အခါမွာလည္း အရမ္းကို ထိမိေပါက္ေျမႇာက္ခဲ့တာကို ေတြ႕ရပါတယ္။ မင္းသားေခ်ာ ေဒါင္းဟာ ႐ိုးရွင္းစြာ ေနထိုင္တတ္သူတစ္ဦးျဖစ္ၿပီး စာေပကိုလည္း ခ်စ္ျမတ္ႏိုးသူတစ္ေယာက္ ျဖစ္ပါတယ္။ အၿမဲလိုလို စာေရးဆရာ၊ဆရာမႀကီးေတြနဲ႔ စာေပေတြရဲ႕အေၾကာင္းကို Liveလႊင့္ၿပီး ေဆြးေႏြးအႀကံျပဳလွ်က္ ရွိေနတာကို ေတြ႕ရပါတယ္။

မင္းသားေခ်ာ ေဒါင္းက သ႐ုပ္ေဆာင္တစ္ေယာက္ဆိုေပမယ့္ အလုပ္ခ်ိန္ျပင္ပ ေန႔စဥ္ဘဝ ေနထိုင္မႈေတြမွာ ႐ိုးရွင္းစြာျဖတ္သန္း‌ ေနထိုင္လွ်က္ ရွိပါတယ္။ ဒီလို ႐ိုးရွင္းစြာ ျဖတ္သန္းမႈ‌ေတြထဲက အဝတ္အစားဆိုလည္း ေပါ့ပါးလြတ္လပ္ေသာ ျမန္မာ့႐ိုးရာခ်ည္ထည္ေတြကို အထက္ျမန္မာျပည္မွ ခ်ည္ပိတ္စမ်ားကို ဝယ္ယူအပ္ႏွံၿပီး ေသခ်ာႏွစ္သက္စြာ ဝတ္ဆင္တတ္သူပါ။ ဒီလို တန္ဖိုးမႀကီးလွေသာျမန္မာ့႐ိုးရာ ခ်ည္ထည္အက်ီမ်ားကို အၿမဲတန္ဖိုးထားဝတ္ဆင္တတ္ေသာ ႐ိုးရွင္းတဲ့ မင္းသားေခ်ာ ေဒါင္းရဲ႕ ဝတ္စားဆင္ယင္မႈပုံရိပ္မ်ားကို အမွတ္တရအေနနဲ႔ ျပန္လည္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source; Daung’s Fb

(Unicode)

မြန်မာ့ရိုးရာချည်ထည်များကို ဝတ်စားဆင်ယင်တတ်ပြီး နေ့စဉ်ဘဝနေထိုင်မှုတွေမှာ ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်တတ်တဲ့ ‌မင်းသားချော ဒေါင်းရဲ့ ပုံရိပ်များ

နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် ချစ်ခင်အားပေးကြတဲ့ မင်းသားချော ဒေါင်းကတော့ ညို့အားပြင်းတဲ့အကြည့်၊ တည်ကြည်ခန့်ညားတဲ့ အပြုံးတို့ကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင်ကောင်းသော အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒေါင်းရဲ့ နောက်ဆုံး ထွက်ရှိခဲ့တဲ့ အနုပညာလှုပ်ရှားမှုလေးကတော့ နာမည်ကြီး မင်းသမီးချော ပိုင်ဖြိုးသုနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “အချစ်ဖြင့် လွမ်းစေ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

ထိုဇာတ်ကားကြီးဟာ ရုပ်ရှင်ရုံတင်တုန်းကလည်း ပရိတ်သတ်တွေရဲ့ ဝန်းရံအားပေးမှုကို အများကြီး ရရှိခဲ့ပြီး ဇာတ်လမ်းတွဲအနေနဲ့ ပြန်လွှင့်တဲ့အခါမှာလည်း အရမ်းကို ထိမိပေါက်မြှောက်ခဲ့တာကို တွေ့ရပါတယ်။ မင်းသားချော ဒေါင်းဟာ ရိုးရှင်းစွာ နေထိုင်တတ်သူတစ်ဦးဖြစ်ပြီး စာပေကိုလည်း ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပါတယ်။ အမြဲလိုလို စာရေးဆရာ၊ဆရာမကြီးတွေနဲ့ စာပေတွေရဲ့အကြောင်းကို Liveလွှင့်ပြီး ဆွေးနွေးအကြံပြုလျှက် ရှိနေတာကို တွေ့ရပါတယ်။

မင်းသားချော ဒေါင်းက သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် အလုပ်ချိန်ပြင်ပ နေ့စဉ်ဘဝ နေထိုင်မှုတွေမှာ ရိုးရှင်းစွာဖြတ်သန်း‌ နေထိုင်လျှက် ရှိပါတယ်။ ဒီလို ရိုးရှင်းစွာ ဖြတ်သန်းမှု‌တွေထဲက အဝတ်အစားဆိုလည်း ပေါ့ပါးလွတ်လပ်သော မြန်မာ့ရိုးရာချည်ထည်တွေကို အထက်မြန်မာပြည်မှ ချည်ပိတ်စများကို ဝယ်ယူအပ်နှံပြီး သေချာနှစ်သက်စွာ ဝတ်ဆင်တတ်သူပါ။ ဒီလို တန်ဖိုးမကြီးလှသောမြန်မာ့ရိုးရာ ချည်ထည်အကျီများကို အမြဲတန်ဖိုးထားဝတ်ဆင်တတ်သော ရိုးရှင်းတဲ့ မင်းသားချော ဒေါင်းရဲ့ ဝတ်စားဆင်ယင်မှုပုံရိပ်များကို အမှတ်တရအနေနဲ့ ပြန်လည် စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

Source; Daung’s Fb

Leave a Reply

Your email address will not be published.