



Source; Moe Yu San

(Unicode)

အရမ်းကို ကြိုက်နှစ်သက်လွန်းလို့ ခင်ပွန်းဖြစ်သူကိုတောင် မရောင်းခဲ့တဲ့ ပန်းချီကာ‌းလေးအား ကိုဗစ်အလှူအဖြစ် လှူဒါန်းသွားမယ့် မိုးယုစံ

ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ လက်ရှိမှာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပါပြီလို့ သိရပါတယ်။ မင်းသမီးချော မိုးယုစံက “မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဌေ ထီဆိုင်ကြီး”ရဲ့ Missတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

သူမရဲ့ အိမ်ထောင်ရေးဟာဆိုရင် ပရိတ်သတ်တွေ အားကျစရာကောင်းလောက်အောင် သူမအပေါ် အရမ်းချစ်ပေးတဲ့ ယောက်ကျားချောချောလေးနဲ့အတူ သားချောလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ခုတစ်ခါမှာတော့ သူမဟာ နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ကာ နောက်ထပ်သားလေးတစ်ယောက်လို့လည်း သိရပါတယ်။ သားနှစ်ယောက်နဲ့ မိခင် ဖြစ်တော့မှာမလို့ သူမရဲ့မိသားစုနဲ့အတူ သားလေးကိုကြိုဆိုတဲ့ ပွဲလေးကို လုပ်ဖြစ်ခဲ့ပါသေးတယ်။

လတ်တလောမှာတော့ မင်းသမီးချောလေး မိုးယုစံက
“မိုးယု ၂၀၁၅ကဆွဲထားတဲ့ အရမ်းကြိုက်တဲ့ ပန်းချီလေးကို ကိုဗစ်အလှူတွက် တတ်သမျှ အနုပညာနဲ့ လှူဒါန်းလိုက်ပါတယ် ကြိုက်နှစ်သက်ရင် ဝယ်ယူ လှူဒါန်းနိုင်ပါတယ်ရှင် 🙏”လို့ဆိုကာ သူမရဲ့ပန်းချီကားလေးဖြစ်တဲ့ “Metaphor of Life”လို့အမည်ပေးထားတဲ့ လေလံကြမ်းခင်းဈေး ၃သိန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒီပန်းချီကားလေးဟာဆိုရင် သူမရဲ့ ခင်ပွန်းဖြစ်သူကတောင် ပြန်ရောင်းခိုင်းခဲ့တာကို သူမက ငြင်းခဲ့တာပါ။ ဒါပေမယ့် အခု ကိုဗစ်အတွက်ဆိုတော့ သူမက လှူဒါန်းမှုထဲ ထည့်ချင်ခဲ့တာလို့ ဆိုခဲ့ပါတယ်။ သာဓုပါ မိုးယုလေးရေ ဒီထက်မက အများကြီး အောင်မြင်ပါစေနော်။

Source; Moe Yu San

Leave a Reply

Your email address will not be published.