“ကော်ဖီသောက်တိုင်းမင်းကို လွမ်းမယ်မထင်နဲ့ ကော်ဖီကောင်းကောင်းဖျော်တိုက်ခဲ့တဲ့ ကိုယ့်ကိုသာ မင်းလွမ်းနေလိုက်?”လို့ဆိုလာတဲ့ မအေးသောင်း

မြင်ရသူ အေးချမ်းစေမယ့် မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာခဲ့တဲ့ နိုင်ငံကျော် မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ ဟိုးတစ်ခေတ်တစ်ခါကတည်းက ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ခုနောက်ပိုင်းမှာ သူမရဲ့ လှပတောင့်တင်းတဲ့ ခန္ဒာကိုယ်နဲ့ လိုက်ဖက်စွာ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာတာကြောင့် ပရိတ်သတ်တွေက အေးမြတဲ့ မအေးသောင်းရယ်လို့ ခေါ်ဝေါ်လာကြတာပဲ ဖြစ်ပါတယ်။

မအေးသောင်းက မကြာ‌သေးခင်ကမှ ချစ်သူရည်းစားကို Officialဖော်ထုတ်ကာ ပြသခဲ့လို့ ယောက်ကျားထုကြီးတစ်ချို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူမက ရည်းစားနဲ့ သူငယ်ချင်းရဲ့တန်ဖိုး ကွာခြားပုံကို စာတိုလေးနဲ့ နမူနာပေးကာ ကဗျာတွေ စပ်ခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ တော်ကီကြွယ်တဲ့ မအေးသောင်းက “ကော်ဖီသောက်တိုင်းမင်းကို လွမ်းမယ်မထင်နဲ့ ကော်ဖီကောင်းကောင်းဖျော်တိုက်ခဲ့တဲ့ ကိုယ့်ကိုသာ မင်းလွမ်းနေလိုက်?”လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတစ်ချို့နဲ့အတူ မျှဝေပေးလာခဲ့ပါတယ်။ ကဲ ချစ်ပရိတ်သတ်ကြီးရေ တော်ကီကြွယ်တဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Aye Thaung

Leave a Reply

Your email address will not be published.