ကိုဗစ်လူနာများထားရှိရာ ဖောင်ကြီးကိုဗစ်ကုသရေးဆေးရုံ(ယာယီ)မှာ Volunteer အဖြစ် ပါဝင်ကူညီသွားမယ့် သရုပ်ဆောင် မောင်

သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်၏ မောင်ငယ်ဖြစ်သော သရုပ်ဆောင် မောင် က ကိုဗစ်လူနာများထားရှိရာ ဖောင်ကြီးကိုဗစ်ကုသရေးဆေးရုံ(ယာယီ)မှာ Volunteer အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း သိရပါတယ်။ သူကိုယ်တိုင် Positiveတစ်ယောက်ဖြစ်ခဲ့ပြီး ယခုဆိုရင် ပြန်လည်ကောင်းမွန်ပြီး အိမ်မှာ ပြန်နေခဲ့တာ ရက်ပိုင်း အနည်းငယ်လေးပဲ ရှိပါသေးတယ်။

ဒါပေမယ့် သရုပ်ဆောင်မောင်က ဆရာဝန်တစ်ယောက်လည်း ဖြစ်၊ အခက်အခဲတွေ တွေ့ကြုံနေကြရတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း စာနာသောအားဖြင့် ပါဝင်ကူညီချင်တာပဲ ဖြစ်ပါတယ်။ သူကုသနေရစဉ်အချိန်အတွင်းမှာလည်း အမြဲလိုလို သတင်းအချက်အလက်တွေကို ပေးကာ မျှဝေလေ့ရှိပါတယ်။ခုတစ်ခါမှာတော့ သရုပ်ဆောင် မင်းသမီးချော အကယ်ဒမီ နန္ဒာလှိုင်က သူ့ရဲ့တစ်ဦးတည်းသော မောင်လေးဖြစ်တဲ့ မင်းသားချောမောင်ရဲ့ စိတ်ထားမွန်မြတ်လှပုံလေးကို သူမရဲ့ ဖေ့စဘွတ်စာမျက်နှာကနေ အသိပေးမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသမီးချော နန္ဒာလှိုင်က ” မောင်လေးက ဖောင်ကြီးမှာ volunteer လုပ်ဖို့ အိမ်က အဝတ်အစားတွေ ထည့်ပြီး ထွက်သွားပြီ။ သန်ဘက်ခါ ဖောင်ကြီးမှာ လုပ်အားပေး စဝင်ပါပြီ။ Home stay ပြီးလို့ အိမ်ပြန်ရောက်တာတောင် ၃ ရက်ပဲ ရှိသေးတယ်။မေမေ ကတော့ သူ့ရဲ့တစ်ဦးတည်းသော သားလေးကို စိတ်တွေပူနေတယ်” လို့ဆိုကာ သရုပ်ဆောင်နန္ဒာလှိုင်က သူမရဲ့ Pageမှာ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Source; Nandar Hlaing

Leave a Reply

Your email address will not be published.