နာမည်ကျော် တေးသံရှင် အဆိုတော်ရွှေထူးကတော့ အသည်းကွဲ အဆွေးသီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီး သီဆိုတတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအေးအေးလေးတွေဟာ ပရိတ်သတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျကာ အထူးအားပေးခြင်းကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။




ဒါ့အပြင် လက်ရှိမှာလည်း သီချင်းကောင်းလေးတွေအသစ်ထွက်လာဖို့အတွက် ဆက်လက်ဖန်တီးလျှက် ရှိနေပါတယ်။ အဆိုတော် ရွှေထူးဟာ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းစကာ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားလျှက် ရှိနေတာကို တွေ့ရပါတယ်။ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့လည်း အိမ်ထောင်ကျကာ သာယာလှပတဲ့ ဘဝလေးတစ်ခုနဲ့ နေသားကျနေတာကို တွေ့ရပါတယ်။





အမြဲလိုလို ချစ်ဇနီးလေး ရွှေမှုန်ကို ဂရုစိုက် အလိုလိုက်ကာ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးတတ်တဲ့ ရွှေထူးက ယခုအခါမှာတော့ “ကိုယ်တိုင်ရိုက်ပေးထားတဲ့ ချစ်ဇနီးလေးရဲ့ ပုံလေးတွေကို တင်ဖို့ သီးသန့်Pageလေး ဖွင့်ပေးခဲ့တာပဲ” ဖြစ်ပါတယ်။ Pageလေးရဲ့ နာမည်လေးက “Candy_သကြားလုံး”လို့ဆိုကာ ရွှေမှုန်လေးကို တင်စားခေါ်ဝေါ်တဲ့ Nicknameလေးပဲ ဖြစ်ပါတယ်။ အဆိုတော် ကိုရွှေထူးကြီးရဲ့ မိန်းမအပေါ် ချစ်ကြင်နာမှုလေးတွေက သူကိုယ်တိုင်ရိုက်ပေးထားတဲ့ ပုံလေးတွေမှာ ပေါ်လွင်နေပါတယ်နော်။ ရွှေမင်းသမီးလေးရဲ့ ပုံလေးတွေကို ကြည့်လိုက်ပါအုံး ပရိတ်သတ်ကြီးရေ…….။
Source; Htoo Khant