အဆိုတော် လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။




ခုလတ်တလောမှာတော့ ဝေလာရီက အောက်တိုဘာလ 1ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့လေးအတွက် အလှူတွေလှူဖို့ ပြင်ဆင်နေပြီ ဆိုတဲ့ အကြောင်းလေးကို ရေးသားဖော်ပြခဲ့ပါသေးတယ်။ စိတ်ထားဖြူစင်ပြီး အလှူအတန်း ရက်ရောတဲ့ မော်လေးကတော့ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။





ခုတစ်ခါမှာတော့ မော်လေးက မြန်မာဝတ်စုံလေး နဲ့ ရိုးရိုးယဉ်ယဉ်လေး လှနေပြန်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ ရိုးရှင်းစွာ လှနေတဲ့ မော်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Wai La Ri