Stay at home မှာ တစ်ယောက်တလှည့် ဆံပင်ညှပ်ပေးနေကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

အမြဲလိုလို အလှူအတန်းတွေလုပ်ကာ ပရိတ်သတ်တွေကို ချစ်ပေးတဲ့ မင်းသမီးကတော့ တစ်ခေတ်တစ်ခါကတည်းက နာမည်ကျော် လူသိများခဲ့ရတဲ့ စမိုင်းလ်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်ဟာဆိုရင် လက်ရှိမှာ ခင်ပွန်းကောင်းတစ်ယောက်ကို ရထားကာ ချစ်စရာကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ သမီးချောလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အခြေခံလူတန်းစား ဘဝကနေ ခင်ပွန်းဖြစ်သူနဲ့အတူ ကြိုစားရုန်းကန်ပြီး ရှာဖွေဆုဆောင်းခဲ့ကာ ယခုဆိုရင် တစ်သက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ချမ်းသာကြွယ်ဝနေတာကို မြင်ရပါတယ်။ သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာဆိုရင် ပြည်သူတွေအပေါ်ကိုလည်း အကျိုးပြုစေခဲ့ပါတယ်။ အလှူအတန်းတွေကို အစဉ်မပြတ် ရက်ရောစွာ အမြဲလိုလို လုပ်ဆောင်လျှက်ရှိနေပါတယ်။ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက်လည်း သူမရဲ့မွေးနေ့ပွဲတိုင်းလိုလိုမှာ အကြီးအကျယ် ပွဲတွေကို လုပ်ပေးပြီး ကံစမ်းမဲတွေ၊ ဆုကြေးငွေတွေ အမြဲလိုလို မဲဖောက်ပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ Covidကာလအတွင်း Stay At Homeမှာ စမိုင်းလ်တို့ ဇနီးမောင်နှံက တစ်ယောက်တလှည့် ဆံပင်ညှပ်ပေးကြပုံကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ အိမ်တွင်း‌အောင်းရင်း အပြင်လည်း ထွက်မရတော့ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပြီး ဆံပင်ညှပ်ပေးနေကြတာပဲ ဖြစ်ပါတယ်။ အခုချိန်ထိ တစ်ယောက်အပေါ်တစ်ယောက် နားလည်ဖေးမကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံလေးကတော့ တကယ်ကို အားကျစရာ ကောင်းလှပါတယ်နော်….။

Source; Smile

Leave a Reply

Your email address will not be published.