အဒေါ်ဖြစ်သူ မြင့်မြင့်ခိုင်ရဲ့ မွေးနေ့လေးကို ငယ်ငယ်က အမှတ်တရပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မင်းသမီးချော ခိုင်နှင်းဝေ

နိုင်ငံကျော် မင်းသမီးချော ခိုင်နှင်းဝေကတော့ လက်ရှိမှာ ပရဟိတတွေကို တတ်နိုင်သလောက် လှူဒါန်းကူညီပေးလျှက် ရှိနေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ “ခိုင်နှင်းဝေ မိဘမဲ့ ဂေဟာ”ကို တည်ထောင်ထားပြီး မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကလေးများရဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ဒီနေ့ စက်တင်ဘာ၂၈ရက်နေ့ကတော့ မင်းသမီးချော ခိုင်နှင်းဝေရဲ့ အဒေါ်အရင်းဖြစ်သူ တစ်ချိန်က အကယ်ဒမီ မင်းသမီးကြီး မြင့်မြင့်ခိုင်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

သူမရဲ့ အဒေါ်ဖြစ်သူ မွေးနေ့လေးကို မင်သမီးချော ခိုင်နှင်းဝေက ငယ်ဘဝပုံရိပ်လေးတွေနဲ့ အမှတ်တရ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။မင်းသမီးချော ခိုင်နှင်းဝေက “Happy Birthday ပါ ချစ်ရတဲ့ကြီးတော်ကြီး…❤️မိသားစု မှာ အရာရာကိုပေးဆပ်ချင်သူကြီးမေတ္တာတရားကြီးမားပြီး မိသားစုအပေါ်တာဝန်ကျေလွန်းတဲ့ ကြီးတော်ကြီးကိုအမြဲလေးစားအတုယူခဲ့ရလို့ ကျမ ဒီနေ့ ဒီလိုအချိန်မှာ နာမည်တလုံးတည်မြဲရပ်တည်ဖို့ ဘေးကနေအမြဲ ဆုံးမပေးတဲ့အတွက်ကြောင့် ကြီးတော်ကြီးရဲ့ ကျေးဇူးတရားနဲ့ ချစ်ခြင်းမေတ္တာဟာ ဘာနဲ့မှအစားထိုးမရပါဘူး..

ကျမတို့ မိသားစုဆိုတာ မိသားစုကြီးပါ..အမျိုးပေါင်း ၁သောင်းကျော်ရှိရင်လဲ အဲဒီအပေါ် တာဝန်ကျေချင်လွန်းသူကြီးဖြစ်တဲ့ ကျမရဲ့ ချစ်လှစွာသော ကြီးတော်ကြီး ဟာ ကျမတို့ တမျိုးလုံးအတွက်တော့ မဟာတံတိုင်းကြီးပါပဲ..ဒါကြောင့် ကျန်းမာအောင်နေပေးပါ..မွေးနေ့ ဒီရက်မှစပြီး နောင်နှစ်ပေါင်းများစွာ သက်ရှင်ကျန်းမာပျော်ရွှင်ပြီး သာသနာတွေအများပြုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်?????? ဒါပေမဲ့ ( အားလုံးထဲမှာ ကိုယ့်ကိုကိုယ်အငယ်ဆုံးလိုထင်ပြီး တူမတွေအပေါ် အနိုင်ယူ ဂျီကျ ဆိုးတာလေးတော့ လျှော့ပေးပါ ကလေးဆိုးကြီး ဒေါ်မြင့်မြင့်ခိုင်ရှင် ?)PS… ဒီမွေးနေ့ ဆုတောင်းကို ကြီးတော်ကြီး မမြင်ပါစေနဲ့ ?”လို့ ဆိုကာ မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Khaing Hnin Wai

Leave a Reply

Your email address will not be published.