အဆိုတော် လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။




ခုလတ်တလောမှာတော့ ဝေလာရီက အောက်တိုဘာလ 1ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့လေးအတွက် အလှူတွေလှူဖို့ ပြင်ဆင်နေပြီ ဆိုတဲ့ အကြောင်းလေးကို ရေးသားဖော်ပြလာခဲ့ပါတယ်။ မင်းသမီးချောလေး ဝေလာရီက “October 1 ရက်နေ့ ဝေ့ Birthday အလှုအတွက် လှုဖို့ ပြင်ဆင်နေပါပြီ … ???။Gold Roast Coffee Mix မှလည်း X-tra Creamy Packing ၃၀၀ ကျော် ပါဝင်လှုဒါန်းပေးပါတယ် … ။ Jasmine သောက်ရေသန့်မှလည်း သောက်ရေသန့်ဘူးပေါင်း ၆၀၀ ကျော် ပါဝင်လှုဒါန်းပေးထားပါတယ်။




Impact Myanmar Company မှ Kami တံဆိပ် မုန့် Packing ၁၀၀ ပါဝင်လှုဒါန်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် …။ အချိုရည် ဘူးပေါင်း ၅၀၀ ကျော် ပါဝင်လှုဒါန်းပေးတဲ့ VeVe အချိုရည်ကိုလည်း ကျေးဇူးအထူးပါရှင် ?❤️။ ဝေ့ရဲ့ အနုပညာကြေးလေးတွေနဲ့ သရုပ်ဆောင် ဦးဦးကျော်ထူးတို့ ဆန်ဆိုင်မှ ဆန် ၁၀ အိတ် ဆီ ဘူး ၁၀၀ , Coolte မုန့် Packing 200 ကျော် , ခေါက်ဆွဲခြောက် , ကြက်ဥ , Cook နေကြာဆီ ၃ ပိဿာ ၅ ဘူး နဲ့ အလှုငွေ တို့ကို တတ်နိုင်သလောက် လှုဒါန်းသွားပါ့မယ်ရှင် … ❤️။ဝေ့ Birthday အတွက် ပါဝင်လှုဒါန်းပေးကြတဲ့ လုပ်ငန်းရှင်များအားလုံးကို ကျေးဇူးအထူးပါရှင် … ၇ ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ ရှင် … ယခု ခံစားနေရတဲ့ ကပ်ဘေးမှလည်း ကျော်လွှားနိုင်ကြပါစေ ?????? “လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
Source; Wai La Ri