ကွာရန်တင်းဝင်နေရတဲ့ မိသားစုဝင်တွေအားလုံးရဲ့ လက်ရှိအခြေအနေတွေကို ဝေမျှလာတဲ့ နန္ဒာလှိုင်

မင်းသမီးနန္ဒာလှိုင်တို့ မိသားစုအားလုံး ကိုဗစ်ကြောင့် စောင့်ကြည့်လူနာအဖြစ် ကွာရန်တင်း ဝင်နေရသလို မောင်ငယ်လေးနဲ့ ညီမငယ်လေး သားအမိတို့လည်း ကိုဗစ်လူနာများအဖြစ် ဆေးရုံတက်နေရပါတယ်။ ပရိတ်သတ်တွေ အားလုံးကလည်း စိတ်မကောင်းဖြစ်သလို စိတ်ပူနေပေးတာကြောင့် သူမတို့ မိသားစုရဲ့ လက်ရှိအခြေအနေလေးကို မျှဝေပေးခဲ့ပါတယ်။နန္ဒာလှိုင်ရဲ့ ညီမဖြစ်သူ မနွေးနွေးလှိုင်ရဲ့ ခင်ပွန်းကတော့ ကိုဗစ်ကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။


အခုချိန်မှာတော့ မနွေးနွေးလှိုင်ဟာ သမီးလေး ၂ ယောက်နဲ့ အတူ တောင်ဥက္ကာလာ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်စွာရှိနေတယ်လို့ ပြောပါတယ်။ မောင်ငယ်ဖြစ်သူ စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ဧရာဝတီစင်တာမှာ တက်ရောက် ဆေးကုသမှု ခံယူနေပြီး ကိုဗစ်လူနာတယောက်ရဲ့ အတွေ့အကြုံများကို ပရိတ်သတ်များ သိရှိစေဖို့ ဗွီဒီယိုများ ရိုက်ကူးကာ မျှဝေလျက် ရှိပါတယ်။စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ဆရာဝန်တယောက်အနေနဲ့ရော လူနာတယောက်အနေနဲ့ပါ သူ့ရဲ့ အတွေ့အကြုံများနဲ့အတူ ကျန်းမာရေးလည်း ကောင်းမွန်လျက်ရှိကြောင်းပရိတ်သတ်တွေကို ပြောပြခဲ့ပါတယ်။

ရီရီပွင့်ဖြူကတော့ ကိုဗစ်ကူးစက်မှု မရှိတဲ့ စိန်ဖြိုးလှိုင် ( မောင် ) ရဲ့ ကျန်ရှိနေတဲ့ တူလေးနဲ့အတူ အသက် ၈၀ ကျော်အဖွားကိုလည်း စောင့်ရှောက်ကာ ဟိုတယ်ကွာရန်တင်း ဝင်ပေးနေခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ကွာရန်တင်းဝင်နေသူများရော ဆေးရုံက မိသားစုဝင်များပါ နေကောင်းကျန်းမာလျက်ရှိကြောင်းကို အခုလိုပဲ မင်းသမီးကြီး နန္ဒာလှိုင်က မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.