“အင်းလေး သို့ လွမ်းခြင်း 🖤”လို့ဆိုကာ အင်းလေးက အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလာတဲ့ မြတ်ရတနာကျော်

အဆိုတော် ထန်ခေးရဲ့ “ချစ်လွန်းလို့”ဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင်ရင်းနဲ့ စတင်ပြီး သတိထားမိလာခဲ့တဲ့ TUကျောင်းသူလေး မြတ်ရတနာကျော်ကတော့ ယခုဆိုရင် အဆိုတော် R Boyနဲ့ အိမ်ထောင်ကျကာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါပြီ။ သူမဟာ အိမ်ထောင်ကျပြီးတာတောင် ယခုအထိ အပျိုလေးတစ်ယောက်လို အပြစ်ကင်းစင်ကာ လှနေဆဲပဲ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် R Boyရဲ့ လိုလေးသေးမရှိ ထောက်ပံ့မှုကြောင့် စိတ်ချမ်းသာကာ အလှတွေ တိုးလာတာလည်း ပါပါတယ်။ ဒါ့အပြင် သူမတို့မိသားစုလေးက အမြဲလိုလို ခရီးတွေထွက်ကာ “Our Travel Diaries”ဆိုတဲ့ Pageလေးမှာ ခရီးသွား Vlogလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ မြတ်က “အင်းလေး သို့ လွမ်းခြင်း 🖤”လို့ဆိုကာ သူမရဲ့ အင်းလေးက အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ အပျိုလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ လှနေတဲ့ မေမေ မြတ်ရတနာကျော်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Myat Yadanar Kyaw

Leave a Reply

Your email address will not be published.