“2020ကြီးကို စိတ်ကုန်လွန်းလို့ ခေတ်ဟောင်းကိုသာပြန်သွားချင်နေမိရှာသူ မမသုသု”လို့ဆိုလာတဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ယခုလက်ရှိမှာ နာမည်ကျော်ကာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သုသုဟာ နိုင်ငံကျော် ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်ကျကာ သာယာလှပတဲ့ အိမ်ထောင်ဘဝလေးကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ရိုက်ကူးရေးတွေကို ရပ်နားထားကာ သူမရဲ့ ပရိတ်သတ်တွေကိုလည်း ပုံတွေ မတင်ပေးရတာ ကြာနေပီ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အိမ်ထဲအောင်းပြီး ‌ငြိမ်နေတာ ကြာပြီဖြစ်တဲ့အတွက် သူမရဲ့ ပရိတ်သတ်တွေအတွက် ” ပုံမတင်တာကြာလို့ ပုံတင်ဖို့ပူဆာနေကြပြီဖြစ်သော Vitamin T လေးများအားအလိုလိုက်၍ပုံတင်လိုက်ပေသည်….”လို့ဆိုကာ သူမရဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။

သုသုက “2020ကြီးကိုစိတ်ကုန်လွန်းလို့ခေတ်ဟောင်းကိုသာပြန်သွားချင်နေမိရှာသူ မမသုသု ?”လို့ဆိုကာ ခေတ်ဟောင်းကဒီဇိုင်းလေးနဲ့ ဖန်တီးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ခေတ်ဟောင်းစတိုင်နဲ့ အလှကြီးလှနေတဲ့ ဒေါ်သုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Paing Phyo Thu

Leave a Reply

Your email address will not be published.