ပုရိသယောက်ကျားလေးတွေသာမက မိန်းကလေးပရိတ်သတ်တွေပါ အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်M Seng Luကတော့ ယခုဆိုရင် gymတွေဆော့ကာ ပိုလို့လှလာတာကို တွေ့ရပါတယ်။ သူမရဲ့ လူမှုကွန်ယက်မှာလည်း အမြဲလိုလို ကတဲ့ videoတွေကို မျှဝေပေးလေ့ ရှိပါတယ်။



စွဲမက်ဖွယ်ကောက်ကြောင်းတွေနဲ့ လှပစွာ ကပြနေတာကြောင့် ပရိတ်သတ်အားလုံးက သူမကို အချစ်တွေ ပိုနေကြတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေ အဆက်မပြတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ အမြဲလိုလို ပရိတ်သတ်တွေကို စနောက်တတ်တဲ့ သူမကတော့ ခုတစ်ခါမှာလည်း “ဒီနေ့လဲ ထပ်တိုးပါတယ် ယူ့ကို လွမ်းတဲ့ စိတ်တွေ” လို့ စနောက်ကာ အမိုက်စားပုံလေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။




ခုတစ်ခါမှာတော့ မော်ဒယ် M Seng Luက “၂၇ နှစ်တောင်ရှိပီ အပျိုကြီးပဲလုပ်တော့မယ်”လို့ဆိုကာ သူမရဲ့ စွဲမက်ဖွယ် ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကဲ ဒါဆိုရင် အပျိုကြီးမမလုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source; M Seng Lu