မြန်မာနိုင်ငံရဲ့ Rapperမလေးတစ်ယောက်ဖြစ်တဲ့ Bobby Soxerကတော့ လက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ထက်ထက်ပါ။ ထက်ထက်ကတော့ လက်ရှိမှာ တေးသံရှင် အဆိုတော် လွှမ်းပိုင်နဲ့ ချစ်ကြိုက်လျှက် ရှိနေခဲ့တာ ၁၀နှစ်ကျော်နီးပါး ရှိခဲ့ပါပြီ။ထက်ထက်ကို သူမရဲ့ ချစ်သူဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်က ဂွက်ဂွက်လို့ဆိုကာ ချစ်စနိုးခေါ်လေ့ ရှိပါတယ်။ သူမတို့အတွဲလေးဟာ အကြိုက်၊ဝါသနာ၊အလုပ်တွေမှာ စိတ်တူကိုယ်တူ ရှိတာကိုလည်း တွေ့ရပါတယ်။




Game တွေဆိုလည်း အတူတူဆော့ကာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း ရှေ့ဆက်နေကြတာကို တွေ့ရပါတယ်။ခုတစ်ခါမှာတော့ ထက်ထက်က “ကဲ.. လမ်းသလားရတာ ကြိုက်တဲ့ ထက် တယောက်တော့ Stay home ပြီး ပျင်းနေရပါတယ်… ပျင်းပျင်းရှိ gameပဲထိုင်ဆော့နေဖြစ်တယ် hehee 😉 ခုလို အားလပ်ချိန်တွေပိုထွက်လာတော့မှပဲ အရင်ကထက် ကိုယ့်ကိုကိုယ် ဂရုမစိုက်ဖြစ်တာလေးတွေ မလုပ်ဖြစ်တာတွေ အခုမှ အချိန်ပေးဖြစ်တော့တယ် ဒါနဲ့နော် ထက် က မိန်းကလေးသာ သိပ်မဆန်တာ ဟိုးငယ်ငယ်ထဲက ဆံပင်ဆိုအရှည်ကြိုက်တာ ပြီးတော့ဆံပင်အရှည်လေးတွေကိုလည်း အမြဲဂရုစိုက်ဖြစ်တယ်။ဒါပေမဲ့ ဆံပင်ကိုအပူပေးပြီး ချေတဲ့စက်တွေနဲ့ အမြဲလုပ်ဖြစ်တော့ ဦးရေပြားကို ထိခိုက်မှာလဲ ပူရသေးတယ်။




အခုတော့ သဘာဝကရရှိတဲ့ အစွမ်းထက် အပင်အဆီအနှစ် အစေ့အဆန်တွေနဲ့ ထုတ်လုပ်ထားတဲ့ Clear Botanique ဦးရေပြားအားဖြည့်ခေါင်းလျှော်ရည် အသစ်လေးကို တောက်လျောက်သုံးဖြစ်နေတယ်။ ထက်ရဲ့ ဦးရေပြားကျန်းမာဖို့အတွက် အားဖြည့်ပြီးသားဖြစ်သွားတာပေါ့ 😉 သန်စွမ်းလှပတဲ့ဆံသားလေးတွေရဲ့ နောက်ကွယ်က ကျန်းမာတဲ့ဦးရေပြား ဖြစ်ဖို့နော်”လို့ဆိုကာ ပြောပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
Source; Bobby Soxer