ကိုဗစ်ကာလမှာ ဝင်ငွေမရှိလို့ အိမ်လခတောင်ပေးဖို့ခက်ခဲနေတယ်ဆိုတဲ့ သင်းသင်း

အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိကိုဗစ်ကာလမှာတော့ အနုပညာရှင်အများစုဟာ ဝင်ငွေရပ်တန့်သွားကာ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ဒီလိုရုန်းကန်ရတဲ့ထဲမှာ သင်းသင်းလည်းပါဝင်လာခဲ့ပါတယ်။ သင်းသင်းကတော့ လက်ရှိ ကိုဗစ်မှာ ပိုက်ဆံမရှိတော့လို့ အိမ်လခမပေးနိုင်တော့တဲ့အတွက် ရွာပြန်ရတော့မယ်လို့ ဖွင့်ဟလာခဲ့တာပါ။“ကားလမ်းတွေမြန်မြန်ပြန်ဖွင့်ပါစေလို့ပဲ ဆုတောင်းပါတယ်၊ နောက်ထပ်ခြောက်လအိမ်စာချုပ်ချုပ်ဖို့အတွက် အဆင်မပြေဘူး၊ ဘာလို့လဲဆိုရင် ကိုယ့်ကိုမှီခိုနေတဲ့မိသားစုကလည်းရှိသေးတယ်၊ စုဆောင်းထားတာမျိုးလည်းမဖြစ်တဲ့အတွက် အိမ်မှာပြန်နေမယ်လို့ပဲ စဉ်းစားထားတယ်” လို့ သင်းသင်းကဆိုပါတယ်။

“အမက ဒီကိုဗစ်ကို ကျော်ဖြတ်ဖို့ Plan ရယ်လို့မရှိပါဘူး။ အမတိုက်ခန်း ၆ လစာပေးပြီး စာချုပ်ချုပ်လိုက်တဲ့အချိန်မှာ ဒီကိုဗစ်ကြီးပြန်ဖြစ်လာတာဆိုတော့ လူက ပြင်ဆင်လို့ရတာမျိုးလည်းမရှိဘူး။ ပထမလှိုင်းတုန်းက ဈေးရောင်းတာ အဆင်ပြေပေမယ့် အခုကျတော့ ဈေးရောင်းရမှာကအားနာနေပြီ ဘာရောင်းရောင်း အားပေးကြတဲ့သူတွေရှိပေမယ့် အကုန်လုံးကခက်ခဲနေကြတာဆိုတော့ မရောင်းချင်တော့တာပါ။ ထောက်ပံ့ပေးနေတဲ့သူတွေလည်းရှိပေမယ့် ဒီလိုမျိုးကြီးကျ အဆင်မပြေဘူးလေ ” လို့ သူမ အနေနဲ့ ရွာပြန်ဖို့ဆုံးဖြတ်ထားတဲ့အကြောင်းအရင်းကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.