ဘဲဥတစ်လုံးကို လေးခြမ်းစိတ်စားဖို့တိုက်တွန်းလိုက်တဲ့ဂျွန်လွင်

ဂျွန်လွင်ကတော့ မော်ဒယ်လောကမှာအထူးအောင်မြင်ခဲ့သူတစ်ဦးဖြစ်သလို အနုပညာလောကမှာလည်း မသိသူမရှိလောက်အောင်အောင်မြင်သူတစ်ဦးပါ။ ဒါ့အပြင် ဂျွန်လွင်ဟာ ငွေကြေးချို့တဲ့သူများနဲ့ အခက်အခဲဖြစ်နေသူများကို လျဉ်းသင့်သလို အကူညီထောက်ပံ့နေသူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ Covid-19 ဒုတိယလှိုင်းဟာ မြန်မာနိုင်ငံကို ပြင်းထန်စွာ ရိုက်ခတ်နေတာဖြစ်ပြီး ရန်ကုန်မြို့ဟာလည်း Stay At Home အဖြစ် ကြေငြာထားခဲ့ရတာပါ။ဂျွန်လွင်ကတော့ အခုချိန်မှာ ပိုက်ဆံကို စုဆောင်းထားကြပါ၊ ဘဲဥတစ်လုံးကို လေးစိတ် စိတ်ပြီး စားကြပါလို့ တိုက်တွန်းလာခဲ့တာပါ။ “ကိုဗစ်အလွန်ဆိုရင်လည်း ရှိသမျှသုံးပစ်တာမျိုးတွေမလုပ်ကြပါနဲ့….. အိမ်မှာရှိတဲ့ပိုက်ဆံကို ခြစ်ခြုတ်ပြီး စုထားကြပါ။ဘဲဥတစ်လုံးစားနေကျဆိုလို့ရှိရင် ဒီအချိန်မှာ လေးစိတ်စိတ်ပြီးတော့စားကြပါလို့ ကျွန်တော်ပြောချင်ပါတယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။“အဓိကကတော့ ဒီအချိန်မှာ ကိုယ့်ဆီမှာရှိတဲ့ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုထားကြပါ။

ကိုယ်လုပ်နေတဲ့အလုပ်ကို ဒီ့ထက်မကပိုပြီးတိုးတက်အောင်လုပ်ကြပါ။တက်တက်ကြွကြွနဲ့ တတ်နိုင်သမျှကြိုးစားပြီးလုပ်ကြပါ။ဒါမှလူတွေလျှော့ကြတဲ့အခါ ကိုယ်မပါပဲကျန်ခဲ့မှာပါ။ကိုယ်ကိုတိုင်က နေရာယူတတ်အောင်ကြိုးစားပါ။သူ့အလုပ်ကိုယ့်အလုပ်ခွဲနေတာမျိုးတွေမလုပ်ပဲ တတ်နိုင်သလောက် ဝိုင်းလုပ်ကြပါ။လုပ်ကြပါ လို့ကျွန်တော်ပြောချင်ပါတယ်” လို့ အကြံပေးစကားဆိုလာခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.