“အပင်လေးတွေကိုချစ်ပါ”လို့ဆိုကာ နန်းဆန်တဲ့ ချည်မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေး လှနေတဲ့ ဝင်ယမုံနိုင်

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကိုတော့ “ကျမက မဟေသီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ စတင်ပြီးတော့ ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ထားဝယ်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရီနေတာကိုလည်း တွေ့ရပါတယ်။

မင်းသမီးချောလေး ဝင့်ယမုံနိုင်က သူမရဲ့မွေးနေ့ဖြစ်တဲ့ August 1ရက်နေ့တုန်းကလည်း အမျိုးသားသွေးဌာနမှာ သွေးလှူခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါသေးတယ်။ အလှူအတန်းတွေဆိုလည်း နေရာဒေသမရွေး အမြဲတမ်း တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနေတဲ့ သူမကိုတော့ ပရိတ်သတ်ကြီးက အစဉ်ထာဝရ ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာ‌တော့ ယမုံက “အပင်လေးတွေကိုချစ်ပါ”လို့ဆိုကာ နန်းဆန်တဲ့ ချည်မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေး လှနေတဲ့ သူမရဲ့ ပုံရိပ်လေး‌တွေကို မျှဝေပေးခဲ့ပါတယ်။ အပင်လေးတွေနဲ့အတူ အေးချမ်းစွာ လှနေတဲ့ ယမုံရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Wint Yamone Naing

Leave a Reply

Your email address will not be published.