နာမည်ကျော် မော်ဒယ်မလေး မေဂရေ့ပယ်ရီကတော့ ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ “ချစ်သူမရှိတဲ့ အချိန်”ဆိုတဲ့ Music Videoလေးမှာ စတင်ပြီး သရုပ်ဆောင်ခဲ့ရာကနေ ပရိတ်သတ်တွေရဲ့ အထူးအားပေး ချစ်ခင်မှုကို ရရှိခဲ့တာပါ။


မေဂရေ့ဟာ မေမေက မြန်မာ၊ ဖေဖေက နိုင်ငံခြားသား ဖြစ်တဲ့အတွက် တစ်မျိုးထူးခြားပြီး လှတဲ့ အသားအရည်နဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပါတယ်။ သူမမှာ ချစ်စရာကောင်းပြီး ထက်မြတ်တဲ့ ညမငယ်လေးတစ်ယောက်လည်း ရှိပါတယ်။ လတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေနဲ့ Tiktokတွေ ဆော့ကာ လှုပ်ရှားနေတာကို တွေ့ရပါတယ်။



ခုတစ်ခါမှာတော့ မေဂရေ့က “မိုးတစ်ပြေးလျှပ်တပျက်မှာ ရွက်နုလေးတွေဝေလာတော့”လို့ဆိုကာ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ အထာကျပြီး ဆွဲဆောင်မှုရှိစွာ လှနေတဲ့ မေဂရေ့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; May Grace Parry