“မဲပေးရင်း ဖူးစာဆုံဖို့ ငယ်ငယ်ဆွေကို ချစ်ကြစို့”လို့ဆိုကာ အရင်တုန်းက ရိုက်ကွင်းမှာ ရိုက်ခဲ့တဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ ခေး

နာမည်‌ဆန်းဆန်းပြားပြားလေးနဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေတဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခေးဟာဆိုရင် MRTV 4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အဓိက ဇာတ်ကောင်နေရာကနေ စတင်ပြီး သရုပ်ဆောင်ကာ အနုပညာလမ်းအပေါ် စတင်လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခေးက ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်ဆိုသလို လက်ခံ ရိုက်ကူးလျှက် ရှိနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေးက မြန်မာအက၊ နိုင်ငံခြားအကတွေကိုလည်း ပိုင်နိုင်စွာ ကတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ COVID ကာလအတွင်း အိမ်မှာ Stay Homeနေရင်းနဲ့ Tiktokဆော့ကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုမိုရယူထားနိုင်တာကို တွေ့ရပါတယ်။

ခုတစ်ခါမှာ‌တော့ ခေးက “မဲပေးရင်း ဖူးစာဆုံဖို့ ငယ်ငယ်ဆွေကို ချစ်ကြစို့😝(လွန်ခဲ့သော လများက ရွေးကောက်ပွဲ ဖူးစာ ဇာတ်ကားရိုက်ကွင်းမှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ)”လို့ဆိုကာ ငယ်ငယ်ဆွေရဲ့ ကာရိုက်တာနဲ့ ပုံလေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ခေးရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Khay Set Thwin

Leave a Reply

Your email address will not be published.