သရုပ်ဆောင် ဆုထက်ကုဋေကိုတော့ မြန်မာဗွီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိတ်သတ်တွေ စတင် သတိထားမိခဲ့ကြတာပါ။နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုတွေ့ရပါတယ်။သူမဟာ ၁၇ ရက်နေ့ကနေ စတင်ဖျားကာ ၁၉ ရက်နေ့မှာတော့ အနံ့မရတော့တဲ့အတွက် ဆေးစစ်ချက်ယူမယ်ဆိုကာ သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ရင်ဖွင့်ခဲ့ပါတယ်။




ကံကောင်းစွာပဲ ၂၀ ရက်နေ့မှာတော့ အနံ့ပြန်ရခဲ့ကာ အခြေအနေ ကောင်းမွန်တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဆုထက်ကုဋေကတော့ သူမရဲ့ လက်ရှိဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြကာ တာဝန်သိ ပြည်သူတယောက်အနေနဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူမကို ရောဂါတွေဆိုးဝါးနေပြီး တခြားအနုပညာရှင်တွေပါ ကူးစက်နေပြီ ဖြစ်တဲ့အကြောင်း ကောလဟာလလွှင့်ကာ တိုက်ခိုက်တဲ့သူတွေ ရှိခဲ့ပါတယ်။ အဆိုပါ မဟုတ်မမှန် ပြောဆိုသူကို သူမကိုယ်တိုင်ပဲ အခုလို ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပါ။





” အောက်ကတစ်ယောက် ..ဘာလို့မဟုတ်တာတွေလျှောက်ပြောနေတာလဲဟင်?
ကျွန်မအခုနေတဲ့နေရာလဲပြောတာမှားတယ်။ ကျွန်မရဲ့စီနီယာ အစ်ကို အစ်မ ညီမ(အနုပညာရှင်)တွေက ဘယ်ကဘယ်လိုပါလာရတာတုန်း? မဟုတ်ရင်မပြောပါနဲ့နော် (၆၆ဃ)လေးကအလကားမထားထားပါဘူးရှင် ” ဆိုကာ သူမက သတိပေးစကား ပြောခဲ့တာဖြစ်ပါတယ်။
_ Mg Kaung