တစ်ချိန်က သရုပ်ဆောင် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရီရီပွင့်ဖြူကတော့ အနုပညာလောကမှာ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်တော့ခြင်းမရှိတော့တာကို တွေ့ရပါတယ်။ ရီရီပွင့်ဖြူက အရင်ကလို အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် သူမရဲ့ ချစ်သူ မောင်တို့ရဲ့ ပေ့fခ်ျလေးကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေဆဲပဲ ဖြစ်ပါတယ်။



မောင်ကတော့ သူမ Covid-19 ရောဂါရှိသူ အစ်မဖြစ်သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ တူ၊တူမလေးတွေနဲ့အတူတူ Quarantine ဝင်နေရတာဖြစ်ပြီး ရီရီပွင့်ဖြူကတော့ သူမရဲ့ ချစ်သူနဲ့ မိသားစုအတွက် လိုအပ်တာတွေ မှန်သမျှ ဖြည့်စည်းပေးနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက သူမကိုယ်တိုင်လည်း Hotel Quarantine ဝင်နေရပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အသိပေးထားပါတယ်။ “စိန်ဖြိုးနဲ့ကလေးတယောက် positive ထွက်လို့ ဆေးရုံပြောင်းရပါတယ်…Negative ထွက်တဲ့ ကလေး၂ယောက်နဲ့ ဆက်ပြီးနေဖို့ ရီ ဒီနေ့ ပဲ ဟိုတယ် Q ဝင်လိုက်ပါတယ်။စိန်ဖြိုးကတော့ သုဝဏ္ဏ ယာယီဆေးရုံရောက်သွားပါပြီ…အဝင်အထွက်မှာတော့ အဝေးကပဲတချက်လှမ်းတွေ့လိုက်ပါတယ်..အားလုံးနေကောင်းကျန်းမာပါတယ်။ဒီကကလေးတွေကတော့ နောက်တကြိမ်ထက်စစ်ဖို့လိုပါဦးမယ်ရှင့်။စိတ်ပူပေးကြတဲ့မိတ်ဆွေသူငယ်ချင်းတွေအားလုံးကျေးဇူးပါ။



ရောက်ရောက်ချင်းအလုပ်လေးတွေနည်းနည်းရှုတ်နေတာမို့ဖုန်းတွေလည်းမကိုင်ဖြစ်လိုက်ဘူး။ဆောတီးပါ။ရီလည်းအစစရာရာအားလုံးအဆင်ပြေပါတယ်ရှင့်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားတာပါ။သူမကတော့ လက်ရှိမှာ မောင်ရဲ့ ၁၀ နှစ်ဝန်းကျင် တူလေးနဲ့ တူမလေး နဲ့အတူ Hotel Quarantine ဝင်ကာ စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အေးအတူ ပူအမျှ တာဝန်တွေကို အတူတကွ ယူတတ်ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးကိုတော့ ပရိတ်သတ် အားလုံးက ချစ်ခင်ကာ ချီးကျူးစကား ပြောနေကြတာပါ။ သူတို့နှစ်ဦးအပါအဝင် မိသားစုဝင်တွေအားလုံး ကျန်းကျန်းမာမာရှိနေပါစေလို့ ပရိတ်သတ်တွေက ဆုတောင်းပြောကြားပေးခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။
- Mg Kaung