အသက်ငယ်ငယ်လေးကတည်းက အနုပညာလျှောက်လှမ်းပေါ်မှာ နာမည်ကျော်လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံဇဉ်ကိုတော့ ပရိတ်သတ်ကြီး သိပြီးသား နေမှာပါနော်။ သူမဟာဆိုရင် ခေတ်ဟောင်းသီချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ ကိုယ်ပိုင်သီချင်း အေးအေးလေးတွေကိုလည်း ဖန်တီးသီဆိုကာ ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားနိုင်သူပဲ ဖြစ်ပါတယ်။



လတ်တလောမှာတော့ မေလသံဇဉ်က အဆိုတော် အုပ်စိုးခန့်နဲ့ “ရုံးတော်လွှတ်တော်”ဆိုတဲ့ သီချင်းဟောင်းလေးကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်အမူအရာလေးနဲ့ Coverပြန်ဆိုကာ နာမည်ရလာခဲ့ပါတယ်။ နေရာတိုင်းမှာ သူတို့နှစ်ယောက်ရဲ့ သီချင်းလေးက စိုးမိုးလာကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိလာခဲ့ပါတယ်။




ခုတစ်ခါမှာတော့ မေလက “Lily Shoes Page မှာ မေလLiveလွှင့် ဈေးရောင်းလို့ရတဲ့ Influencer Fees (၁၂)သိန်း နဲ့ရိုးမဆောင်မှာ တိုက်ပွဲဝင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး သူရဲကောင်းစေတနာ့ဝန်ထမ်း(၇၅)ဦးအတွက် အားလုံးတူညီဝတ်ဆင်နိုင်ဖို့ မိုးကာဂျာကင်၊စပို့ရှပ်နဲ့ ဘောင်းဘီ (၇၅)စုံ၊ Ra – Printing Service မှ Hand spray (၇၅)ဗူး လှူဒါန်းခဲ့ပါတယ်ရှင်🙏🙏🙏”လို့ဆိုကာ သူမရဲ့ ပရဟိတအလှူလေးကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
Source; မေလသံစဉ် May Melody