နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ မင်းသား “မောင်”မှာ Covid 19 Positive တွေ့ရှိ

ခုလတ်တလောမှာ အရမ်းကိုကြောက်စရာကောင်းပြီး ပြည်သူတွေ စိုးရိမ်နေကြတဲ့ Covid 19ရောဂါကပ်ဆိုးကြီးကတော့ တစ်ယောက်ပြီးတစ်ယောက် ဖြစ်နေကြတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်ကမှ နန္ဒာလှိုင်ရဲ့ ညမဖြစ်သူ မနွေးနွေးလှိုင်ရဲ့ အမျိုးသား Covid 19 ကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုးတွေ့လူနာတွေ များလာကာ သေဆုံးသူတွေလည်း များလာတာကို တွေ့ရပါတယ်။

ခုဆိုရင် မနွေးနွေးလှိုင်တို့ မိသားစုနဲ့အတူ Quarantineဝင်ခဲ့တဲ့ နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ မင်းသားချော မောင်မှာလည်း Covid 19 Positiveတွေ့ပါတယ်လို့ သူကိုယ်တိုင် သူ့ရဲ့ လူမှုကွန်ယက်ကနေ ပြောပြပေးလာခဲ့ပါတယ်။ မင်းသားချော မောင်က “ကျွန်တော်တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျွန်တော်ရယ်၊ ၅နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် ၈၆ နှစ်အဖွားရယ်က Negative ပါ။ ၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့မဖြစ်နိုင်လို့ ရီရီ က Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့နေပေးနေပါတယ်။အငယ်ဆုံးလေးကို အမေရှိတဲ့တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင်ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။

အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလဲ Positive ဆိုပင်မဲ့ အမေစီရောက်သွားလို့ စိတ်အေးရပါပြီ။အကြီးနှစ်ယောက်လဲ အန်တီ အသစ်လေးနဲ့ အဆင်ပြေနေတယ်ပြောပါတယ်။”လို့ဆိုကာ မျှဝေပေးခဲ့ပါတယ်။ကဲ ပရိတ်သတ်ကြီးရော ကပ်ဆိုးကြီးက အတော် ကြောက်စရာကောင်းနေပါပြီ။ အထူးဂရုစိုက်ကြပြီး အိမ်ထဲမှာပဲ နေကြပါနော်။ မင်းသားချော မောင်လည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်။

Source; SEIN PHYO & YI

Leave a Reply

Your email address will not be published.