“ပျားလိမ္မော်လေး … ???”လို့ဆိုကာ ချစ်စရာကောင်းတဲ့ ဂါဝန်တိုလေးနဲ့ အလှကြီးလှနေတဲ့ မိမော်လေးရဲ့ ပုံရိပ်များ

အဆိုတော် ‌လိမ္မော်သီးရဲ့ ညမအငယ်လေးဖြစ်တဲ့ ဝေလာရီကတော့ MRTV4ရဲ့ “နှင်းဆီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ‌”မော်”ဆိုတဲ့ ကာရိုက်တာလေးနဲ့ စတင်ပြီး သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေအပြင် အမဖြစ်သူနဲ့အတူ သီချင်းတွေဆိုကာ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ဝေလာရီက Liveလွှင့်ပြီး မွန်လုံချည်တွေနဲ့ အခြားသော မြန်မာချိတ်အဆင်တွေကို ရောင်းနေကာ စီးပွားရေးတစ်ခုကို လုပ်ဆောင်လျှက် ရှိနေတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ တစ်အိမ်လုံးက ဝေလာရီအပေါ်ကိုပဲ မှိခိုအားကိုးနေကြရတယ်လို့လည်း အင်တာဗျူးတစ်ခုမှာ သူမက ပြောကြားခဲ့ပါတယ်။

ခုတစ်ခါမှာတော့ မော်လေးက “ပျားလိမ္မော်လေး … ???”လို့ဆိုကာ ချစ်စရာကောင်းတဲ့ ဂါဝန်တိုလေးနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အသည်းယားစရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေတဲ့ မိမော်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Wai La Ri

Leave a Reply

Your email address will not be published.