မစုဆောင်းထားခဲ့မိတာကို ဗစ်ကာလရောက်မှ နောင်တရနေရတယ်ဆိုတဲ့ မေပန်းချီ

သရုပ်ဆောင် မေပန်းချီကတော့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းများကြောင့် ပုရိသ ပရိတ်သတ်တွေကြားမှာ ရေပန်းစားကာ အားပေးမှု အခိုင်အမာရရှိထားတဲ့သူပဲ ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကာလမှာတော့ သူမအနေနဲ့ ချွေတာပြီး နေထိုင်နေရကာ စုဆောင်းထားမိတာ မရှိခဲ့တဲ့အတွက်နောင်တရနေတဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ ”အမက အသက် ၁၇ နှစ် ၁၈ နှစ်ကတည်းက တစ်အိမ်လုံး ရှာကျွေးလာတာ။ အခု ကိုဗစ်ကာလမှာတော့ ချွေတာပြီး သုံးဖြစ်တာပေါ့။

ကိုဗစ်မတိုင်ခင်က သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်ရင် ၁ သိန်း ၂ သိန်း ကုန်တာပဲ….ကိုဗစ်ကြောင့် နောင်တတွေလည်း ရတယ်။ ပညာတွေလည်း ရတယ်။ အခုကျ ဝင်ငွေလည်း နည်းလာပြီဆိုတော့ စိစစ်ပြီး နေရတာပေါ့။ အဲကွန်းဖွင့်တာရော တခြားချက်ပြုတ်စားတာရောနဲ့ ဆိုတော့ မီတာခကလည်း သိန်းကျော်ကုန်တယ်။ မီတာခလာရင် မကြည့်ရဲဘူး။ပထမတစ်ခေါက်လောက်တော့ အခုတခေါက်က ကြိုပြီးစုဆောင်းထားတာတွေ မလုပ်ဖြစ်ဘူး။ အရင်တခါက ပထမဆုံးဆိုတော့ ကြောက်လန့်ပြီး ဆန်တွေဝယ်စု ခေါက်ဆွဲတွေ ဝယ်စု နဲ့ လုပ်ခဲ့တာ ။ အခုကျတော့ ပထမတခေါက်ထပ် အတွေ့အကြုံ ရသွားတာလား မသိဘူး။ အမှန်အတိုင်းပြောရင် ဒီတခေါက်က ပိုပြီးကြောက်စရာကောင်းတာ။ ပိုပြီးကြောက်စရာကောင်းတာကို ရှေ့မှာ အတွေ့အကြုံရှိတော့ လူက သိပ်ပြီး မကြောက်ပါဘူးဆိုပြီး စိတ်ထဲ အဲ့လို ဖြစ်နေတာ တကယ်ကတော့ အခုချိန်က ပိုပြီး သတိထားရမယ့်အချိန်ပဲ။

အဓိကကတော့ မေမေ့ကိုပဲ စိုးရိမ်နေရတာ။ ဘန်ကောက်မှာ နှလုံးခွဲပြီး စက်ထည့်ထားတာဆိုတော့ စိုးရိမ်ရတယ်။ ဘန်ကောက်ကလည်း အခုချိန်မှာ သွားလို့မရဘူး။ ဆေးထပ်ပြဖို့က ပထမကိုဗစ်ကာလကတည်းကဆိုတော့ ဆေးပြန်ပြဖို့ အရမ်းကို နောက်ကျနေပြီ။ ကိုဗစ်က ဆီးချိုရော နှလုံးရော စိုးရိမ်ရတာဆိုတော့ မေမေက ဆီးချိုရော နှလုံးရော ရှိတဲ့သူဆိုတော့ အရမ်းကို စိုးရိမ်ရတယ်။ ” ဆိုကာ လတ်တလော ကိုဗစ်ကာလမှာ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို မီဒီယာအင်တာဗျူးတစ်ခုမှာပြောပြခဲ့တာဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.