ရင်သားအကျိတ် ခွဲစိတ်ခံခဲ့ရကြောင်းပြောပြလာတဲ့ မေကဗျာ

မေကဗျာဟာ သရုပ်ဆောင်လောကထဲမှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။

အဲဒီနောက် တခါတလေမှာနှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ မေကဗျာတစ်ယောက် မကြာသေးခင်ကမှ ရင်သားအကျိတ်ကိုခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး သူမရဲ့အခြေအနေကို ပရိသတ်ကို ပြောပြလာခဲ့တာပါ။ မေကဗျာက “သင်္ကြန် မတိုင်ခင်က ရင်သားမှာ အကျိတ် ရှိတာ စမ်းမိသွားတယ်။ အကျိတ်က ကြီးနေပြီ။ ဒါပေမယ့် COVID-19 ကြောင့် ဆေးခန်း ပြဖို့ စောင့်ရင်း အရမ်း ကြီးပြီး မခွဲလို့ မရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။

တစ်မျိုးလုံးက ကင်ဆာ နဲ့ ဆုံးတာ များတော့ စိတ်ပူနေပြီး ချက်ချင်း ဆေးရုံတက် ခွဲစိတ် ကုသမှု ခံယူခဲ့တယ်။ ကံကောင်းတာက ကင်ဆာ မဖြစ်ခဲ့ဘူး” လို့ ပြောလာခဲ့တာဖြစ်ပါတယ်။မေကဗျာရဲ့ ကျန်းမာရေးအခြေအနေကိုပရိတ်သတ်တွေကလည်းစိုးရိမ်ပူပန်ခဲ့ကြပြီး အားပေးစကားများပြောဆိုခဲ့တာကိုလည်းတွေ့ရပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.