ချစ်သူက အဆင့်တွေကျော်ပြီး propose လုပ်ခဲ့ပုံကို ဖွင့်ဟလာတဲ့ သီရိရှင်းသန့်

အဆိုတော် သရုပ်ဆောင် သီရိရှင်းသန့်ကတော့ ပရိသတ်တွေကြားရေပန်းစားလူသိများသူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိနေသူလေးပါ။ သီရိရှင်းသန့်ဟာ Covid 19 ပထမလှိုင်းရိုက်ခတ်စဉ်အခါက Quarentine ဝင်ခဲ့ရလို့ ပရိသတ်တွေရဲ့ သနားဂရုဏာသက်မှုကိုရရှိခဲ့သူဖြစ်ပါတယ်။မကြာသေးခင်ကမှ ပူပူနွေးနွေး ချစ်သူရခဲ့တဲ့ သီရိရှင်းသန့်ကတော့ သူ့ချစ်သူဆီကနေထူးထူးဆန်းဆန်းရည်းစားစကားအပြောခံရပုံကို ဖွင့်ဟလာခဲ့ပါတယ်။

“Covid 19 ကြောင့် Quarentine ဝင်ပြီး Swab Test Result ထွက်ခါနီးအချိန်မှာ အဖြေပေးဖြစ်ခဲ့တာပါ။ အစကတော့ ငါးရက်နေ့ ငါးလပိုင်းမှာ အဖြေပေးဖို့ပဲ ဒါပေမယ့်ငါဒီရောဂါကြီးနဲ့များ အသက်ဆုံးရှုံးသွားခဲ့ရင်လို့တွေးမိခဲ့တာနဲ့ အဖြေ ပေးဖြစ်ခဲ့တာပါ။ သူကကိုယ့်ကိုရည်းစားစကားပြောတာကလည်းထူးဆန်းတယ်။သူ့ကလေးတွေရဲ့ မာမီဖြစ်စေချင်တယ်ဆိုတော့ ကိုယ်လည်းကြောင်သွားတာပေါ့နော် ချုပ်တာပေါ့။ အဆင့်ကျော်ပြောတာပေါ့ ချစ်သူအဆင့်ကိုကျော်ပြီး တန်းလက်ထပ်ခွင့်တောင်းခံလိုက်ရတယ်။

နောက်သီရိက အမေမိဘတွေကသဘောတူမှလက်ခံမယ်ပြောလိုက်တာ ဘေးနားမှာရှိတဲ့ သူ့အမေကို ဆွဲပြီးမေးပြတယ်။ သူ့အမေလည်းဘုမသိဘမသိနဲ့ကိုယ်နဲ့စကားလာပြောရရော သူ့အမေကလည်း ကိုယ့်ကိုချစ်ပါတယ်ဆိုတာနဲ့ နောက်ဆုံးအဖြေပေးလိုက်ရတော့တာပါပဲ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သီရိရှင်းသန့်ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ ချစ်သူနဲ့ လက်ထပ်တော့မယ်လို့လည်း အရင်က အင်တာဗျူးတစ်ခုမှာပြောဆိုခဲ့ဖူးပါသေးတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.