ကွာရန်တင်းမဝင်ဘဲ ဆေးရုံကနေထွက်ပြေးတဲ့သူတွေကို စိတ်တိုမိတယ်ဆိုတဲ့ အိန်ဂျယ်လမုန်

မော်ဒယ်လ်မင်းသမီးချောလေး အိန်ဂျယ်လမုန်ကတော့ သူ့အနေနဲ့ ကိုဗစ်ကာလမှာ ကျန်းမာရေးနဲ့အညီ ဂရုစိုက်နေထိုင်ဖြစ်တဲ့အကြောင်းကိုအခုလိုပြောပြလာပါတယ်။” နံပါတ်တစ်အချက်ကတော့ ခုခံအားကောင်းအောင် နေထိုင်ဖြစ်တယ်။ ခုခံအားကောင်းမှ ကိုဗစ်ပဲ ဖြစ်ဖြစ်၊ အခြားရောဂါတွေပဲဖြစ်ဖြစ် မဝင်နိုင်မှာ ဖြစ်တယ်။ အဓိကကတော့ ကိုယ့်ရဲ့ ကိုယ်ခံအားကောင်းအောင်နေတယ်။ အိန်ဂျယ်က ဗီတာမင်စီ အမြဲတမ်းသောက်တယ်။ ဗီတာမင်ဒီလည်း သောက်တယ်။ ကျန်းမာတဲ့အစားအစာတွေကို အဓိကထားပြီးတော့စားပေးတယ်။ ပုံမှန်ဆိုရင်တော့ စားချင်တာစားတယ်။ အခုတော့ ကျန်းမာရေးနဲ့လိုက်လျောညီထွေမယ့် အစားအသောက်ကို ပိုစားတယ် ” လို့ဆိုပါတယ်။ဒါ့အပြင် ကိုဗစ်ကာလမှာ ကွာရန်တင်းဝင်ရသူ တချို့ဟာ ဆေးရုံကနေ ထွက်ပြေးတာတွေရှိနေတဲ့အပေါ်မှာလည်း အိန်ဂျယ်လမုန်က သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

” ဆေးရုံကနေ ထွက်ပြေးတာက ဘာကြောင့်ထွက်ပြေးရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သိချင်တယ်။ အကြောင်းပြချက်ကောင်းတစ်ခုဆိုရင်တော့ ထွက်ပြေးရတာ တန်တာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ထွက်ပြေးတာဆိုရင်တော့ အိန်ဂျယ်ကိုယ်တိုင်လည်း စိတ်ထဲမှာတော်တော် ဝမ်းနည်းမိသလို တော်တော်လည်း အံ့ဩမိတယ်။ အကြောင်းပြချက်ကောင်းမရှိဘဲ ထွက်ပြေးတာက ဘယ်လိုမှ စဉ်းစားပေးလို့ မရဘူး။ လက်ခံပေးလို့မရဘူး။ ထွက်ပြေးတာကိုသိရတော့ အရမ်းစိတ်တိုမိသလို စိတ်လည်း ပျက်မိတယ်။နောက်တစ်ခုကတော့ တချို့ဆို ကွာရန်တင်းဝင်ရမှာကို ကြောက်ကြတယ်။ ဘာလို့ ကွာရန်တင်းဝင်ရမှာကို ကြောက်ကြလဲဆိုတော့ ပတ်ဝန်းကျင်ကနေပြီး ကွာရန်တင်းဝင်မယ့် လူနာကိုရှုတ်ချတယ်။ အတင်းပြောတယ်။ ကွာရန်တင်းဝင်တဲ့ လူနာရဲ့ မိသားစုကို တရားခံရဲ့မိသားစုလို ဆက်ဆံတယ်။ လူနာလာခေါ်ပြီဆိုရင် ဘေးနားကသူတွေက ဘာလို့လဲမသိဘူး။ သူတို့က သတင်းမီဒီယာလားတော့ အိန်ဂျယ်လည်း နားမလည်ဘူး။ သူတို့ကိုယ်တိုင်ပဲ Live တွေ လွှင့်၊ အတင်းပြော၊ ဓာတ်ပုံတွေရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်တင်ကြတယ်။ ဖေ့စ်ဘွတ်ခ်ပေါ် တင်တာက တကယ်တော့ သူများရဲ့ Privacy ကို ချိုးဖောက်တာပေါ့။ သူများရဲ့ ကိုယ်ရေးကိုယ်တာကို စွက်ဖက်တာလို့ မြင်တယ်။ နိုင်ငံကြီးသား မပီသဘူးလို့ မြင်တယ်။ တကယ်တမ်းရှက်ရမှာက သူတို့က ပိုရှက်ရမှာပါ။လူတိုင်းက ကွာရန်တင်းဝင်ရပေမယ့် ကိုယ့်မိသားစုကို ထားခဲ့ရမှာရှိတယ်။ စိတ်မချတဲ့သူ ရှိတယ်။သူတို့က အလုပ်တွေပျက်၊ ဝင်ငွေတွေပျက်နေလို့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သူတို့ကိုယ်တိုင် ဒီလိုမျိုးလုပ်တော့ ကိုဗစ်က ဘာနဲ့မှ မတိုက်ထုတ်နိုင်ဘူး။

ခုခံအားကောင်းအောင်နေမှပဲ ဒီရောဂါကို တိုက်ထုတ်နိုင်မယ်။ သူတို့က အဲဒီလိုလုပ်တော့ အဲဒီလူနာက စိတ်ဓာတ်ပိုကျသွားတော့ ဒီရောဂါကနေ ပျောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကတော့ အိန်ဂျယ်အမြင်ပေါ့နော်။ အဲဒီလို ခံစားရတယ်။ သူများ နိုင်ငံမှာ အိန်ဂျယ်သိရသလောက်ကတော့ ကွာရန်တင်းဝင်တဲ့သူတွေဆိုရင် ကျား၊ မတောင်မသိရဘူး အဲဒီလိုမျိုး ကြားဖူးတယ်။ အတတ်နိုင်ဆုံး ကွာရန်တင်းဝင်တဲ့သူတွေကို အားပေးပါ။ စိတ်ဓာတ်ကျန်းမာလာအောင်၊ အားရှိအောင် Support လုပ်ပေးရမယ်လို့ မြင်ပါတယ် ” လို့သူကပြောပြသွားခဲ့ပါတယ်။အိန်ဂျယ်လမုန်ကိုတော့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့ကြပြီး နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ မြင်တွေ့လာရတာဖြစ်ပါတယ်။။ ဒါ့အပြင်သူဟာ မကြာသေးခင်ကလည်း တစ်ကိုယ်တော်သီချင်းလေးတစ်ပုဒ်ထွက်ရှိထားခဲ့တာလည်းဖြစ်ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.