Netflix ကနေ ထုတ်လွှင့်ပြသသွားမယ့် Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်

ကမ္ဘာကျော် K-pop အမျိုးသမီးအဆိုတော်အဖွဲ့ Blackpink ဟာ အထူးဗီဒီယိုတွေနဲ့ အင်တာဗျူးတွေအထိ ပါဝင်မယ့် “Light Up the Sky” မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ မှတ်တမ်းရုပ်ရှင်မှာတော့ သူတို့ရဲ့ အနုပညာခရီးလမ်းအစကနေ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Coachella ဖျော်ဖြေမှုအထိ မှတ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့ Blackpink အဖွဲ့က “Netflix ကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေအတွက် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေကို မျှဝေဖို့ မစောင့်နိုင်တော့ပါဘူး။ ကြည့်ရှုသူတွေအတွက် ပျော်ရွှင်မှုနဲ့ ပေါ့ပါးမှုတို့ကို ဒီရုပ်ရှင်က ဆောင်ကျဉ်းပေးမယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်းဖြတ်သန်းခဲ့တဲ့ ကျွန်မတို့ရဲ့ ခရီးလမ်းကို ကြည့်ရတာ ကြိုက်နှစ်သက်ကြမှာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် Netflix ဟာ သူတို့အဖွဲ့ကို ပရိုဖိုင် Icon တွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်တဲ့အကြောင်း၊ ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အကောင့်မှာ အဖွဲ့ရဲ့ပုံစံတွေကို ရွေးချယ်နိုင်တဲ့အကြောင်းလည်း ကြေညာထားပါတယ်။“Light Up the Sky” မှတ်တမ်းရုပ်ရှင်ကိုတော့ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အဲ့ဒါ မတိုင်ခင်တော့ ကမ္ဘာ့စံချိန်တွေကို ချိုးနေတဲ့ Blackpink အဖွဲ့ဟာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ The Album အမည်ရှိတဲ့ ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ်ကို ဖြန့်ချိဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီအယ်လ်ဘမ်ကို ကမ္ဘာတဝန်းကနေကြိုတင်မှာယူမှု ၈ သိန်းကျော် ရှိတယ်လို့လည်းသိရပါတယ်။COVID-19 ကာလမှာ အယ်လ်ဘမ်အတွက် အသံသွင်းခဲ့ရတာနဲ့ ပတ်သက်လို့ Blackpink အဖွဲ့က “အယ်လ်ဘမ်ကို ပြီးစီးအောင်လို့ အာရုံပိုစိုက်နိုင်တယ်လို့ ထင်ပါတယ်။

INDIO, CA – APRIL 12: (L-R) Jennie Kim, Rosé, Lisa and Jisoo of ‘BLACKPINK’ are seen at the YouTube Music Artist Lounge at Coachella 2019 on April 12, 2019 in Indio, California. (Photo by Roger Kisby/Getty Images for YouTube)

ပြီးတော့ အရာအားလုံး ပြီးပြည့်စုံပြီး ပရိသတ်တွေအတွက် ကျမတို့ ပေးနိုင်တဲ့ အကောင်းဆုံးအရာကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။“ပြီးတော့ ဒီအယ်လ်ဘမ်ဟာ အိမ်မှာ ပိတ်မိနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အားလုံးအတွက် အလင်းရောင်နဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။ အဲ့ဒီ အယ်လ်ဘမ်က သူတို့တွေကို ခွန်အားပေးနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။၎ နှစ်တာကာလအတွင်းမှာ Blackpink အဖွဲ့ဟာ “Sour Candy” သီချင်းမှာ လေဒီဂါဂါ၊ “Kiss and Make Up” သီချင်းမှာ Dua Lipa ၊ “Ice Cream” သီချင်းမှာ Selena Gomez တို့နဲ့အတူ ပူးတွဲသီဆိုမှုတွေ ရှိခဲ့ပါတယ်။

  • Mg Kaung

Leave a Reply

Your email address will not be published.