“မိုးရွာ​တော့ လွမ်းချင်စရာကြီး?”လို့ဆိုလာတဲ့ မင်းသမီးချောလေး ပန်းရောင်ခြယ်

နိုင်ငံကျော် အဆိုတော် ဂရေဟမ်ရဲ့ သမီးအကြီးမလေးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ပုရိသယောက်ကျားလေးတွေ အထူးအားပေးချစ်ခင်ကြတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ချိုမြတဲ့ အသံလေးရယ်၊ စကားပြောတဲ့အခါ နူးညံ့သိမ်မွေ့တာရယ်ကြောင့်လည်း ပရိတ်သတ်‌တွေက အချစ်တွေ ပိုနေကြရတာပါ။

အဆိုတော် မင်းသမီးချောလေး ပန်းရောက်ခြယ်ဟာ သီချင်းအေးအေး ချိုချိုမြမြလေးတွေကို ဖန်တီးသီဆိုတတ်ရုံ မကသေးပဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ “လိပ်ပြာ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ လိပ်ပြာဇာတ်လမ်းတွဲလေးဟာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ပန်းရောင်က “မိုးရွာ​တော့ လွမ်းချင်စရာကြီး ?”လို့ဆိုကာ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ပန်းရောင်လေးရဲ့ လွမ်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Pan Yaung Chel

Leave a Reply

Your email address will not be published.