ရွှေတိဂုံဘုရားရဲ့ Onlineသီးသန့် ပန်းချီပြပွဲကို တက်ရောက်ခဲ့တဲ့ ပုံလေးတွေ မျှဝေပေးလာတဲ့ အလှမယ် မိုးစက်ဝိုင်

မြန်မာနိုင်ငံရဲ့ အလှမယ်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော မိုးစက်ဝိုင်ကတော့ မြင့်မားတဲ့ အရပ်အမောင်းနဲ့ သွယ်လျလှပတဲ့ ခန္ဒာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးစက်က ကိုယ်ပိုင် စီးပွားရေးတစ်ခုဖြစ်တဲ့ “MOEZY”ဆိုတဲ့ Cosmetic Brandတစ်ခုကိုလည်း ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။ဒါ့အပြင် မိုးစက်က တစ်ဖက်တစ်လမ်းကနေ “မြန်မာ့နုလုံးသား ပရဟိတအသင်း”ဆိုတဲ့ အဖွဲ့လေးကိုလည်း ဖွဲ့စည်းထားကာ တတ်နိုင်သလောက် လူအင်အား၊ ငွေအင်အားနဲ့ အများအကျိုးကို ကူညီသယ်ပိုးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ ဝါသနာတွေကတော့ အပင်စိုက်ခြင်း၊ စက်ဘီးစီးခြင်း၊ အားကစားလုပ်ရခြင်း အစရှိတာတွေကို အမြဲလုပ်ဆောင်လျှက် ရှိနေတာကို တွေ့ရပါတယ်။ခုတစ်ခါမှာတော့ မိုးစက်က “ရွှေတိဂုံဘုရား မရောက်တာကြာပေါ့။ သောကြာနံ ဘက်က ထန်းပင် လေးနဲ့ နေရာလေးက ပုံရိုက်လို့အလှဆုံးနေရာလေးလေ။ယဉ်ကျေးမူအမွေနှစိစောင့်ရှောက်ရေးအဖွဲ့ရဲ့ ရန်ပုံငွေ အလှူ အတွက် ပန်းချီဆရာကြီးများပါဝင်ထားတဲ့ ပြပွဲမှာ ဒီပန်းချီကားလေးတွေ့လို့ ပုံရိုက်ခဲ့တယ်နော်။ ပြပွဲဆိုပေမဲ့ online သီးသန့်ပါ ၊ မိုးစက်ကတော့အသင်းအဖွဲ့ဝင်မလို့ကိုယ်တိုင်ဝင်ခွင့်ရတာပါ၊ အားလုံးရဲ့ လုံခြုံမူအတွက် အွန်လိုင်းကနေပဲ ပန်းချီကားလေးတွေပြပေးမယ်နော် ၊ မနက်ဖြန်တင်ပေးမယ်နော်။

ပန်းချီဝါသနာရှင်များ ပန်ချီကားတွေစု လို့ ရသလို ကုသိုလ်ပါယူနိုင်ပါတယ် ၊ ဒီပန်းချီပြပွဲမှ ရရှိတဲ့ အမြတ်တွေကို ယဉ်ကျေးမူထိန်းသိန်းရေးအတွက်အပြင် အခု ကိုးဗစ်ကာလအတွက်ပါလှူဒါန်းပေးသွားဦမှာဖြစ်ပါတယ်။ ပါဝင်ပြသ လေလံပစ်မဲ့ ပန်းချီဆရာကြီး ဒိတ်ဒိတ်ကျဲ ၅ ယောက် ကတော့ဆရာဦလွန်းကြွယ် ၊ ဆရာပန်းချီ စိုးမိုး ၊ ဆရာဦးမောင်မောင်သိုက် (ကွယ်လွန်) ၊ ဆရာဦးစိနိမြင့် ၊ ဆရာဦးမာလာ တို့ပဲ ဖြစ်ပါတယ်။”လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Moe Sett Wine

Leave a Reply

Your email address will not be published.