“ဒီကပ်ကြီးပြီးသွားရင် ချစ်ခြင်းတရားကို ပိုတန်ဖိုးထားမယ်”လို့ဆိုလာတဲ့ ဝင့်ယမုံနိုင်

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကိုတော့ “ကျမက မဟေသီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ စတင်ပြီးတော့ ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ထားဝယ်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရီနေတာကိုလည်း တွေ့ရပါတယ်။

မင်းသမီးချောလေး ဝင့်ယမုံနိုင်က သူမရဲ့မွေးနေ့ဖြစ်တဲ့ August 1ရက်နေ့တုန်းကလည်း အမျိုးသားသွေးဌာနမှာ သွေးလှူခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါသေးတယ်။ အလှူအတန်းတွေဆိုလည်း နေရာဒေသမရွေး အမြဲတမ်း တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနေတဲ့ သူမကိုတော့ ပရိတ်သတ်ကြီးက အစဉ်ထာဝရ ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ဝင်ယမုံနိုင်က “ဒီကပ်ကြီးပြီးသွားရင် ချစ်ခြင်းတရားကိုပိုတန်ဖိုးထားမယ် …. တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေဖလှယ်ရင်း အမုန်းတရားတွေလျော့ကြပြီးရှင်သန်ကြမယ်နော်”လို့ဆိုကာ မြန်မာဆန်တဲ့ သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးလာခဲ့ပါတယ်။ မြန်မာဆန်စွာ လှနေတဲ့ ထားဝယ်သူလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Wint Yamone Naing

Leave a Reply

Your email address will not be published.