MRTV4 ကနေ ထုတ်လွှင့်ပြသပေးခဲ့တဲ့ “နွေလယ်ညရဲ့ လမင်း”ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ ဖူးဝေအဖြစ် ရိုးသားဖြူစင်တဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ခဲ့တဲ့ သူကတော့ မင်းသမီးချောလေး သံသာညီပဲ ဖြစ်ပါတယ်။ ဖူးဝေလေးဟာ ကရင်ပြည်နယ်ရဲ့ Miss တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။


ရယ်လိုက်ရင် ပေါ်လာတဲ့ သွားထက်လေးကတော့ ဖူးဝေလေးရဲ့ ချစ်စရာအမူအရာလေးပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ ဖူးဝေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မင်းသားချော ဘုန်းရှိန်ခန့်နဲ့လည်း ရွှေပြည်နမ်းရွှေငြာမှာ ကိုကိုကြီးနဲ့ ဖူးဝေလေးအဖြစ်နဲ့ပဲ ကြော်ငြာရိုက်ကူးခဲ့ကာ ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့ပါတယ်။



ခုတစ်ခါမှာတော့ ဖူးဝေလေးက “ဒီကလွမ်းနေတာ ခင်ဗျားလေးသိရဲ့လား☹️?”လို့ ဆိုကာ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ မင်းသမီးချောလေး ဖူးဝေလေးရဲ့ ချစ်စရာအပြုံးလေးနဲ့ ပုံရိပ်လေးတွေကို လွမ်းနေသူ ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source; Than Thar Nyi